နှင်းဆီ(သို့မဟုတ်‌)နေကြာ (၁)

779 74 12
                                    

Uni

တစ်ချို့လူတွေပြောကြပြန်တယ် နေကြာတွေကို
သိပ်သနားတာဘဲတဲ့ နေမင်းကြီးက သူ့အချစ်ကို
မမြင်လို့တဲ့ ‌လေ တစ်ချို့တွေကြပြန်တော့လည်း
နေမင်းကြီးကိုသနားသွားပြန်ရော။

တစ်ယောက်တစ်ပေါက်ပြောနေကြတယ် ဒါပေမဲ့
ငါ နေကြာနဲ့နေမင်းကြီးရဲ့အချစ်ဇတ်လမ်းကို
စိတ်မ၀င်စားဘူး။ ငါ စိတ်စားတာ သူ တစ်နည်းအားဖြင့်
ကိုကို ဆိုတဲ့ ကင်ဆော့ဂျင်လေ ။

သူက သိပ်အနေအေးတာ ကိုကိုက နေကြာကိုသိပ်ချစ်
တာ ဒါပေမဲ့ သူက နေကြာတွေဆို သိပ်မုန်းတာလေ
မုန်းတာက မုန်းတာဘဲ ကိုကို့ ကိုတော့ချစ်တယ်။

"ကျစ် !!!!ဟိုလေး ကိုကို့ရဲ့နေကြာပန်းတွေ ဖျက်စီး
ပြန်ပြီကွာ.."

"ဟိုလေး မကြိုက်လို့လေ.."

"ဟိုလေးမကြိုက်ပေမဲ့ ကိုကို ကြိုက်‌တယ်လေကွာ.."

"ကိုကို ကြိုက်လို့ကို ဟိုလေး ဖျက်စီးပစ်တာ
ဘာဖြစ်လဲ..."

"ဂျောင် ဟို လေး.. မင်းကွာ ကိုကိုကြိုက်တာသိရဲ့
သားနဲ့ ဟိုလေးမလို့ ဖျက်စီးရက်တယ် .."

ဝဲလာပြန်ပြီ ပျော့ညံ့လိုက်တာ အဲ့လို ဖြစ်နေသ၍
ဟိုလေး ကိုကို မြတ်နိုးသမျှ အားလုံးဖျက်စီးပစ်နေ
အုန်းမှာ။

"ပန်းလေးတစ်ပွင့်ကိုများ ဖြစ်ပျက်နေလိုက်တာ
ပြီးတော့ အဲ့ပန်းက ဘာတန်ဖိုးရှိလို့လဲ
အဲ့ပန်းအစား နှင်း‌ဆီ‌တွေက တန်ဖိုးရှိအုန်းမယ်
ကိုကို..."

"မတူဘူး ဟိုလေး တန်ဖိုး တစ်ခုနဲ့တစ်ခု မတူဘူး.."

"မတူတာသိတယ် နှင်းဆီက‌က ပိုပြီးတန်ဖိုး
ရှိတယ်လို့ဘဲ ဟိုလေးကတော့ ထင်တယ်.."

"ဘယ်သူကများ ဆူးတွေ ရှိနေတဲ့ပန်းကို တယုတယ
သိမ်းထားနေအုန်းမှာလဲ ဟိုလေး..."

"လူဘဲ ကြိုက်တဲ့လူရှိမယ် မကြိုက်တဲ့လူလည်းရှိတယိ
ကိုကို"

"ဟိုလေးပြောသလိုဘဲ ကိုကိုပြန်ပြောလိုက်မယ်
ဟိုလေးသိက်ကြိုက်ပါတယ်ဆိုတဲ့ နှင်းဆီတွေကို
လည်း ကိုကို မုန်းတယ်.."

"မုန်း မုန်း ကြိုက်သလောက်သာ မုန်းပစ်လိုက်
ဟိုလေးလည်း ကိုကိုမြတ်နိုးပါတယ်ဆိုတဲ့ နေကြာတွေ
ကိုလည်း ဟိုလေး ဘယ်တော့ ချစ်တတ်လာမှာ
မဟုတ်ဘူး..."

နှင်းဆီ (သို့မဟုတ်)နေကြာWhere stories live. Discover now