နှင်းဆီ(သို့မဟုတ်)နေကြာ

146 16 3
                                    

Unicode

[နှင်းဆီနီနီလေးတွေ ရေမင်းသခင်က
မာနအရမ်းကြီးတာဘဲ]

"မေမေနေမကောင်းဘူးလား"

ဖြူဖက်ဖြူရော် ဖြစ်နေတဲ့‌မေမေ့ကိုဆော့ဂျင်
မေးလိုက်သည်

"အသက်တွေလည်းကြီးလာပြီလေသားရယ်
အရင်လိုတော့ ဘယ်ဟုတ်ပါ့မလဲ"

မေမေဟာရယ်သွမ်းစွာဘဲပြောလာတော့
ဆော့ဂျင်ကိုယ်တိုင်လည်းလိုက်ရီမိသည်။

"နေထိုင်မကောင်းရင်သားကိုပြော
‌တစ်ယောက်ထဲ ကြိတ်မခံစားနဲ့မေမေရ"

"ဟော်တော့ အေးပါ အေးပါ အခုတော့
မင်းကဒီမအေအိုကြီးကိုဆူနေပီပေါ့"

"အာ မဟုတ်ပါဘူးမေမေကလဲ"

လည်ဂုတ်ကိုပွတ်ရင်း ရှက်နေတဲ့သူမသားဟာ
အရွယ်မလိုက်နဲ့အောင် ချောမောနေသည်
သို့သော် ထုတ်မပြောခဲ့ ရုပ်ရည်နဲ့ပတ်သတ်ပြီး
သူမသားဟာ ကွန်ဖီးဒန့်အပြည့်လွန်နေလို့ပင်။

_______________________________________
အိမ်ထဲအောင်းနေခဲ့တာ တစ်ပတ်တောင်ပြည့်ရော့မည်
ဘယ်မှမသွားချင် အဆိုးဆုံးက သူသိပ်ကိုသွားချင်
သပါ့ဆိုတဲ့ အစ်ကို့ဆိုင်ကိုတောင် ခြေဦးမလှည့်ဖြစ်
ခဲ့ သူ့အနေနဲ့အရိုးရှင်းဆုံးပြောရမယ်ဆိုရင်
အစ်ကို့ကို မျက်နှာချင်းမဆိုင်ရဲတာပင် အစ်ကိုက
သူနဲ့တွေ့တဲ့အခါ သူ့ကိုညိုငြင်သွားမှာကို ကြောက်နေမိခြင်းဖြစ်သည်။

ခြံထဲထိုင်လိုက် ဟိုနားကဟာ ကလိလိုက်
သစ်ရွက်‌ေခြာက်တွေလိုက်ချွေလိုက် အလုပ်မရှိအလုပ်ရှာကာ
အပြင်မထွက်မိအောင် တစ်ခုပြီးတစ်ခုလုပ်နေသည်။

ဦးလေးကတော့မလုပ်ပါနဲ့တားနေသော်လည်း
သူကိုကလျှာလေးရှည်ပြီးလုပ်လိုက်ရမှ
နေသာတဲ့သူမလို့ ပြောစကားလည်းနားမထောင်ပါ။

"ရော့သား ရေသောက်အုန်း မလုပ်ပါနဲ့ဆိုကွယ်
တစ်ကိုယ်လုံးရွှံ့တွေကြည့်ဘဲ"

ရွှံ့တွေတစ်ကိုယ်လုံးပေကျံနေသော
ထယ်ယောင်းသည် ရီပြလိုက်သည်။

"ဘယ်ဟုတ်ပါ့မလဲ ဦးလေးရာ  ကျွန်တော်က
လုပ်ကူရမှာပေါ့ "

ရယ်ကျဲကျဲပြောလိုက်ရင်း မြေကြီးကိုဆက်တူး
နေလိုက်သည် ။
လုပ်ရမဲ့ကိစ္စအ၀၀ကို သူကူညီပေးရင်း
တစ်နေ့တာအချိန်တွေကိုဒီလ်ုဘဲ ကုန်ဆုံးခဲ့တယ်
လေ အနည်းဆုံးတော့ ဘာမှစိတ်ထဲရှိမနေ‌ပေ။

နှင်းဆီ (သို့မဟုတ်)နေကြာWhere stories live. Discover now