Part 1

9K 454 27
                                    

Zawgyi
(ကိုယ်က ကလေးတို့ဖတ်ဖို့ မဆက်မပြတ်ရေးပေးမှာမို့ ကလေးတို့ကပိုကလစ်ပေးပါနော် ချစ်တယ်နော်၊ ကြာမယ်ဆိုပြီး အပိုင်း ၁ အပ်ပေးလိုက်ပါပြီ)

နာမည်ပေးကင်ပွန်းတပ်အလှူလုပ်နေတဲ့ခြံဝန်းထဲမှာ လူတွေစည်ကားလျှက်။ ဦးမြင့်ဆွေနှင့်ဒေါ်မျိုးမျိုးသိမ့် တို့ရဲ့သမီးဦး သိမ့်ဝတီမျိုးရဲ့ ရက်တစ်ရာပြည့်နေ့မှာ နာမည်ပေးကင်ပွန်းတပ်အလှူပေးနေတာဖြစ်၏။ သမီးဦးကိုကိုယ်ဝန်လွယ်တဲ့အချိန်ကစပြီး သူတို့မိသားစု စီးပွားရေးကတရိတ်ရိတ်တက်လာတာကြောင့် မိဘတွေက သမီးဦးလေးကို အရမ်းကိုသဲသဲလှုပ်ချစ်ကြသည်။ ကိုယ်ဝန်ဆောင်ချိန်ထဲက ဂရုတစိုက်ရှိလှပြီး သမီးဦးကိုမွေးပြီးထဲက သမီးအတွက် လိုအပ်တာမရှိရလေအောင် ဖြည့်ဆည်းပေးကြတာပင်။ ဒါက သူတို့စီးပွားရေးတိုးတက်လာတဲ့ လာဘ်ကောင်လေးလို့ သူတို့ယူဆကြတယ်လေ။

"ကိုစစ်နိုင် မမေကြူ မပါဘူးလား"

"မပါဘူး သားနဲ့ဆိုတော့ အပြင်ထွက်လို့မရဘူး သားက လမ်းလျှောက်တက်ခါစဆိုတော့ ထိန်းမနိုင်ဘူး ကိုမြင့်ဆွေရေ"

ဦးစစ်နိုင်ဆိုတာ ဦးမြင့်ဆွေတို့နဲ့ လုပ်ငန်းဖက်စပ်လုပ်နေတဲ့သူတွေပင်။ ဦးစစ်နိုင်နဲ့ဒေါ်မေကြူတို့ဆိုတာလဲ လုပ်ငန်းနှစ်ခု၊ သုံးခုလောက်လုပ်နေတဲ့ ကုမ္ပဏီပိုင်ရှင်တွေပင်။ အဲ့ဒိအထဲက တစ်ခုကို ဦးမြင့်ဆွေတို့နဲ့လက်တွဲလုပ်နေတာဖြစ်သည်။ ဦးစစ်နိုင်နဲ့ဒေါ်မေကြူတို့က သားတစ်ယောက်ပဲထွန်းကားနေပြီး သားကလမ်းလျှောက်တက်ခါက တစ်နှစ်သားဝန်ကျင်ပင်။

ခြံထဲမှာကရောင်စုံမီးသီးတွေအပြိုင်ထွန်းထားလျှက် အလှူရှင်မလေး သိမ့်ဝတီမျိုးကိုအားလုံးကလဲ တသသချော့မြူလျှက်ပေါ့။ ဦးမြင့်ဆွေနဲ့ဒေါ်မျိုးမျိုးသိမ့်ကတော့ သားသမီးလေးကြောင့်မျက်နှာပွင့်နေတော့၏။ မနက်ပိုင်းအလှူတစ်ခုပြီးလို့ ညနေပိုင်းပါစီးပွားရေးအရ ပတ်သက်ဆက်နွယ်သူတွေကို dinner ဖိတ်ကာကျွေးမွေးနေကြတာဖြစ်၏။ လာသမျှလူတိုင်းကိုလဲ သမီးလေးက ဘယ်လိုအကောင်းကြိုက်တာက အစပြောပြလို့မဆုံး။ ခြံကြီးထဲမှာရယ်သံတွေနဲ့ပျော်ရွှင်သံတွေကဖုံးလျှက်။ လူတွေအားလုံးလဲပွဲသွားပြီဖြစ်ပြီး အလုပ်သမားတွေလဲ ပစ္စည်းတွေသိမ်းဆည်းနေပြီဖြစ်၏။ ဦးမြင့်ဆွေနဲ့ဒေါ်မျိုးမျိုးသိမ့်ကတော့ သမီးလေးကိုချီကာအိမ်ကြီးထဲဝင်သွားကြသည်။

ဒဏ်ရာများနဲ့နှလုံးသားOnde histórias criam vida. Descubra agora