𖦹 Cᴀɴᴅʏ 𖦹

682 102 40
                                    

Candy တွေက ချိုတယ်။ ဒါပေမယ့် candyတွေ စားထားတဲ့ မင်းနှုတ်ခမ်းလေးကပိုချိုတယ် .....

ကိုယ်က မင်းနှုတ်ခမ်းကိုဆွဲလန်းမယ်။
ကောင်လေး.. မင်းကတော့ သကြားလုံးတွေကိုဆွဲလန်းရမယ်။

𖦹𖦹𖦹𖦹𖦹𖦹𖦹𖦹𖦹𖦹𖦹𖦹𖦹𖦹𖦹𖦹𖦹𖦹𖦹𖦹𖦹𖦹𖦹𖦹

မီးရောင်စုံတွေနဲ့ ဆူညံနေတဲ့Clubတစ်ခုတွင်...

ကောင်ငယ်လေးတစ်ယောက်တည်းရှိနေတဲ့ နေရာသို့။

"ကိုယ်ဒီမှာထိုင်မယ်..."

အသံခပ်ရှရှနဲ့ လူကြီးတစ်ဦး ကောင်လေးနားရောက်လာတယ် ခွင့်တောင်းတာမျိုးမဟုတ်ဘဲ အမိန့်ပေးတဲ့ပုံစံမျိုးဖြင့်....

အရက်တစ်စက်လေးမှမ၀င်သေးတာမို့ မမူးသေးပါ ထိုလူကြီးကို မျက်မှောင်ကျုံ့ကာကြည့်မိသည်။
လူကြီးလူကောင်းဆန်ဆန်နဲ့ ချောမောနေတာတော့အမှန် အနားလာကပ်တည်းက ဒီလူကြီးကိုယ့်ကိုစိတ်၀င်စားလို့ဘဲနေမှာ။
အေးလေ ငါ့ကအရမ်းချောတော့ ယောင်္ကျားမိန်းမတိုင်း စိတ်၀င်စားတာမဆန်းပါဘူး ။
ထိုလူက ရေလည်းလျှံပုံရသည်။

"မထိုင်နဲ့ဆိုလည်း ထိုင်ပြီးပြီမို့လား"

"ကိုယ်နာမည်က Kim SeokJinပါ"

"Hoseok ပါ...."

"အဟက်..."

ခပ်လွင့်လွင့် ခနှဲ့သံကြားလိမ့်ရတော့ မျက်ခုံးတန်းတွေပြန် ကျဆင်းသွားတယ် ဘာလားး

"Jung Hoseok!"

"ခင်ဗျား ကျုပ်နာမည်ဘာလို့သိတာလဲ "

သင်္ကာမကင်းဖြစ်လာပြီ အခုမှမြင်ဖူးပေမယ့် ငါ့အကြောင်းတွေဘာလို့စုံစမ်းထားတာလဲ။
ပုံမှန်းဆို မျိုးရိုးနာမည်ထဲ့ပြောလေးမရှိဘူး တစ်ခုခုဆို မိဘတွေဆီသတင်းရောက်သွားမှာမို့ ။
အဟွန်း အဲ့လိုပြောလို့ အိမ်မပိုင်ဘူးမထင်နဲ့ ငါအရှုတ်လုပ်သမှ မိဘတွေအလုပ်ရှုတ်ကုန်မှာမို့။

"အရမ်းမထူးစမ်းပါဘူး...."

"ကြောင်တောင်တောင်နဲ့...."

တကယ်ထူးစမ်းတယ် ဒါပေမယ့် ဘ၀င်လေဟပ်နေတာကြီးတော့ ကြည့်မရ အဲ့တာကြောင့် ကြောင်တောင်တောင်နဲ့ ဆိုပြီး ပါးစပ်ကသူ့အလိုလိုထွက်လိုက်မိတယ်။

𝘊𝘢𝘯𝘥𝘺 ||𝚘𝚗𝚎𝚜𝚑𝚘𝚛𝚝||Where stories live. Discover now