Unicode Version
"အိပေါ်လေးရေ လျှောက်မပြေးနဲ့လေကွယ် ကလေးလေးထိခိုက်မယ်လေ "
အိမ်တော်ထိန်းယွင်တစ်ယောက် လုံးလုံး လုံးလုံးနဲ့
ပြေးသွားတဲ့ကောင်လေးနောက်ကို အမောတကော
လိုက်နေရတယ်။ မတော်တဆ ဗိုက်ထဲကကလေး
လေးထိခိုက်သွားရင် ရင်ကျိုးရချည်ရဲ့။"ကိုကို့ဆီသွားမှာ... အိမ်တော်ထိန်းယွင် ကိုကို့ဆီသွားမှာလို့ "
အသက်20ပြည့်တာ မကြာသေးတဲ့ကောင်လေးကသိပ်မရင့်ကျက်ဘူး။ ငယ်ငယ်ကတည်းက သူ့လက်ထဲမှာပဲကြီးပြင်းလာတဲ့ကလေးလေး။ သူ့သွေးသားအရင်းလိုပင်ချစ်ရပါသည်။ ယွင်ကလည်း သားသမီးမရှိတဲ့သူမို့ရိပေါ်လေးကိုပဲ အရိပ်တကြည့်ကြည့်နဲ့ချစ်နေရတာဖြစ်သည်။
သူမချစ်ရတဲ့ကလေးလေးကတော့ သူ့ကိုကို
ကိုတအားချစ်သည်တဲ့။ သူ့ကိုကို ဆိုတဲ့ ရှောင်းမျိုးရိုးကို အိမ်တော်ထိန်းယွင်က သိပ်ကြည့်မရပါ။ ရိပေါ်ရဲ့မိဘနောက်ခံကြောင့်သာ ရိပေါ်လေးကိုလက်ထက်ခဲ့တာဖြစ်ပြီးကလေးအပေါ် နည်းနည်းတောင် နွေးထွေးမှုမပေးတဲ့လူစားမျိုးဖြစ်သည်မို့။သူမကလေးလေးကသာ ကိုကို့ကို ချစ်တယ် လက်
ထက်ချင်တယ်ဆိုပြီး မိဘတွေဆီ အစာငတ်ခံဆန္ဒ
ပြပြီး ပူဆာခဲ့လို့သာ အိမ်ထောင်ရေးဖြစ်လာခဲ့တာ။အကုန်လုံးကဝိုင်းချစ်ကြတဲ့ ကလေးလေးကို အဲ့ဒီ
ရှောင်းမျိုးရိုးက မချစ်ဘူးတဲ့ ယွင်တစ်ယောက်တကယ်ပင် အံ့ဩမိပါသည်။"ကလေးရယ် သားကိုကိုက အခုဆို စခန်းမှာအလုပ်အရမ်းရှုပ်နေမှာ အိမ်ပြန်လာတာကိုပဲစောင့်လိုက်ပါနော် ။ လိမ္မာပါတယ် ထမင်းစားရအောင်လေ ထမင်းစားမှ ဗိုက်ထဲက ကလေးလေးက အားရှိမှာပေါ့။ယွင်လေးစကားနားထောင်ပါ သားရယ် "
"ပြီးရော.. ကိုကိုက ပြန်မလာတာသုံးရက်တောင်ရှိပြီအိပေါ်လေးကလွမ်းတာပေါ့"
သားငယ်လေးရယ် မေတ္တာမလိုချင်တဲ့သူကိုမေတ္တာ
တွေစွတ်ပေးနေတော့တာပဲ။ညနေခြောက်နာရီ ရိပေါ်ထမင်းစားပြီးမကြာဘူး
ကိုကိုပြန်ရောက်လာခဲ့သည်။ ကိုကိုက ရှပ်အကျီနဲ့
ဂျင်းဘောင်းဘီကို သပ်ရပ်စွာဝတ်ဆင်ထားသည်။

YOU ARE READING
Until I Found You [Zhanyi/Complete]
Fanfikceᴵ ʷⁱˡˡ ⁿᵉᵛᵉʳ ᶠᵃˡˡ ⁱⁿ ˡᵒᵛᵉ ᵃᵍᵃⁱⁿ ᵘⁿᵗⁱˡ ᴵ ᶠᵒᵘⁿᵈ ʰⁱᵐ Short Story ZSWW/Zhanyi