Arc7.8 နန်ကုန်းချင်းယဲ့

643 88 19
                                    

နန်ကုန်းချင်းယဲ့7.8

သူ့ရှေ့တွင်ရှိသည့် ဇာတ်လိုက်ဆိုသောလူမှာ ကြည့်ကောင်းသည့်ခန္ဓာကိုယ်အချိုးအစားရှိကာ ချောမောသည့်မျက်နှာလည်းရှိလေသည်။ ထိုသူ၏ကျင့်ကြံခြင်းအဆင့်မှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ခြောက်သို့ ရောက်ရှိနေပြီး ပါရမီရှင်ဟုပြော၍ရလေသည်။

သူရပ်နေသည့်နေရာက ခန်းမအဝင်ဝနှင့်မဝေးသည့်နေရာမှာမို့ ခန်းမထဲသို့ထိုသူဝင်ရောက်လာပြီးသည်နှင့် သူ့ကိုမြင်ပြီးဖြစ်လေသည်။ သူ၏ရည်ရွယ်ချက် ပြည့်ဝသွားပြီမို့ လက်ရှိအချိန်တွင် သူအသုံးပြုနိုင်မည့်လက်နက်ကို ရှာဖွေရန်အတွက် အရောင်းဝန်ထမ်းတစ်ယောက်ကိုခေါ်ကာ အပေါ်ထပ်သို့ တက်လာလိုက်သည်။

မည်သို့ပင်ဖြစ်စေ တုကူးယွမ်လုံတို့သည်လည်း ဒုတိယထပ်စီသို့ လိုက်လာကြမည်မှာမလွဲပင်ဖြစ်လေရာ သူ့အနေနှင့် ပထမထပ်တွင် အချိန်ဖြုန်းလိုခြင်းမရှိပါချေ။

ရတနာခန်းမတွင် ခန်းမနှင့်လေလံအိမ်ဟူ၍ နှစ်ပိုင်းခွဲထားလေသည်။

ရတနာခန်းမသည် လက်နက်ပစ္စည်းများ​ရောင်းဝယ်ရန်အတွက်ဖြစ်ပြီး အထပ်သုံးထပ်ရှိကာ တတိယမြောက်အထပ်တွင် အင်အားကြီးသူတို့သာ တက်ရောက်ခွင့်ရှိလေသည်။ အင်အားကြီးမိသားစုများ၏ မျိုးဆက်များပင် မိသားစုခေါင်းဆောင်မပါပါက တက်ရောက်ခွင့်မရှိပေ။

ထို့ကြောင့် ချင်းယဲ့ကိုယ်တိုင်သည်လည်း ဒုတိယမြောက်အထပ်သို့သာ တက်နိုင်ပေသည်။

ဒုတိယထပ်သို့ရောက်ပြီးမကြာမီပင် တုကူးယွမ်လုံတို့လည်း ရောက်ရှိလာခဲ့လေသည်။ သို့်သော်လည်း သူနှင့်တုကူးမိသားစုမှာ သင့်မြတ်ဖို့ရာ ကံကြမ္မာမပါခဲ့ပေ။

သူ့အတွက်သင့်တော်သော လက်နက်ကိုရှာတွေ့ဖို့ရာမှာ ခက်ခဲလှသည်။ လူတစ်ယောက်က လက်နက်ကိုလွှမ်းမိုးနိုင်ခြင်းမရှိပါဘဲ လက်နက်၏လွှမ်းမိုးခြင်းကို ခံလိုရလျှင် ထိုလူဟာ မကောင်းဆိုးဝါးတစ်ကောင်အဖြစ်သို့ ရောက်ရှိသွားနိုင်ပေသည်။

ထို့အပြင် အင်အားကြီးသောလူတစ်ယောက်က သူနှင့်သင့်တော်မှုမရှိသောလက်နက်ကို အသုံးပြုမိပါက သူ၏စွမ်းအားများပင် အသုံးမဝင်နိုင်ဖြစ်သွားနိုင်လေသည်။

You Own Me SomeoneWhere stories live. Discover now