One

326 28 1
                                    

ညတိုင်းနီးပါး အိပ်မက်တစ်မျိုးတည်းကိုပဲ မက်လေ့ရှိတယ်။ အိပ်ဆေးနဲ့ ဆရာဝန်တွေ မကူနိုင်လို့ ပျောက်ချင်တဲ့အချိန်ပျောက်ဆိုပြီး ပစ်ထားလိုက်တယ်။ စိတ်ဒဏ်ရာတစ်ခုပဲလား၊ အခုထိ ဘယ်နားကများ ဒဏ်ရာမကျက်သေးလို့လဲ တွေးမရဘူး။

-
-
-
-
-

"တစ်ယောက်ကျသွားပြီ....."

ရှေ့တန်းကနေအော်တဲ့အသံတစ်သံ။ လက်နက်ကြီးငယ် အသံတွေက စုပြုံကာ အော်ကျက်နေပြီး ကတုပ်ကျင်းထဲ ပုန်းနေရတဲ့သူတွေမျက်နှာကို တစ်ချက်ကြည့်မိတယ်။

"ဘုရားသခင်ကို ယုံလား"

ခပ်ဖျော့ဖျော့ပြုံးကာ မေးနေတဲ့ ရိုင်ဖယ်သေနတ်ပြောင်းကိုင်ထားတဲ့သူကို မျက်ရည်တွေပြည့်နေတဲ့ သူတို့ကကြည့်ပြီး ခေါင်းညိမ့်ပြတယ်။

"ဒါဆို ဘုရားသခင်ကို ဆက်ယုံပါ၊ ဘယ်သူမှ ဘာမှမဖြစ်စေရဘူးလို့ ကတိပေးတယ်"

သူ သေနတ်ကို မောင်းတင်လိုက်ပြီ။ ကတုပ်ကျင်းကနေထွက်ဖို့ အသင့်ဖြစ်နေတဲ့ သူ့ရဲ့ ဖိနပ်ထူထူကြီးကို ကလေးတစ်ယောက်က လာဖမ်းဆုပ်ထားရှာတယ်။

"ဦးဦး သားတို့ကို မထားခဲ့ပါနဲ့....." တဲ့ ပြောပြီး ငိုနေတယ်။ သူ ပြုံးခဲ့မိတယ်။ ဒီနေ့ဟာ အဆုံးသတ်မဟုတ်ဘူးဆိုတာ သူသိနေလို့ပဲ။

"မနက်ဖြန်ရောက်ရင် သိမ်းထားတဲ့ မုန့်တွေကျွေးမယ်၊ စားချင်တယ်မလား"

ဖိနပ်ကိုင်ထားတဲ့ကလေးငယ်က ခေါင်းညိမ့်ပြတယ်။

"ဒါဆို ဒီနေ့ကို အပြီးသတ်ရမယ်နော်"

သူ့မျက်နှာက အပြုံးတွေ ပျောက်ကွယ်သွားပြီး အားမာန်အပြည့်နဲ့ ကတုပ်ကျင်းထဲကနေ အော်ကာ ရှေ့တက်လာခဲ့တယ်။

"အကာယူ၊ အကာယူ ဟေ့ကောင်"

သူဟာ မြေကတုတ်နား အသင့်အနေထားနဲ့ မနက်ဖြန်ဆိုတဲ့ ရည်ရွယ်ချက်ထားပြီး အလုပ်စတင်လုပ်ခဲ့တယ်။

"ဘယ်သူ ကျသွားတာလဲ"

စက်သေနတ်သံတွေကြားကနေ တစ်ဖက်မြေကတုတ်နားကလူကို အော်မေးမိတယ်။

"Silver"

ဒီလိုပါပဲ၊ ကျသွားတိုင်း ငိုရဖို့ အချိန်မရှိဘူး၊ ကုန်သွားတဲ့ ကျည်ကတ်ကို အမြန်လဲဖို့ပဲ အာရုံစိုက်ရတယ်။

FIVE Where stories live. Discover now