Two

67 15 0
                                    

ဒီနေ့ သူ့ရဲ့တစ်ဦးတည်းသော အစ်မဖြစ်သူရဲ့ မွေးဖွားရက်....။ ကာယကံရှင်ထက်တောင် စိတ်လှုပ်ရှားနေမိလားမသိတဲ့ သူ့တစ်ကိုယ်လုံးမှာလည်း ချွေးတွေရွှဲလို့။ အဖေနဲ့နှစ်ယောက်တည်းမို့ စိတ်မချတာနဲ့ပဲ သူ့ခမျာ အလုပ်ကနေ အပြေးအလွှားလာရရှာတာ။

"ဟင်"

အခန်းထဲ ဝင်ဝင်ချင်း မြင်လိုက်ရတဲ့မြင်ကွင်းက သူ့အတွက်ချောက်ချားဖွယ်ရာအတိ။ သူ့အဖေဟာ ကုတင်ခြေရင်းဘေးမှာ ခေါင်းသေနတ်ဒဏ်ရာ၌ လဲကျနေခဲ့ပြီး သူ့အစ်မကတော့ ဗိုက်မှာ သေနတ်ဒဏ်ရာနဲ့ မျက်လုံးတွေဟာ ပွင့်လျက်သား။

"မမ...မမ"

သူ အပြေးအလွှားနဲ့ သူ့အစ်မခန္ဓာကိုယ်ကို ပွေ့ချီမိတယ်။ အသက်ငွေ့ငွေ့လေးပဲကျန်တော့တဲ့ သူ့အစ်မ သိပ်ရဲရင့်တာပဲ။

"ကလေး...ကို ရအောင် ထုတ် ထုတ် ပေး...." တဲ့။ သွေးသံရဲရဲမှာ ကိုယ်ဝန်သည်တစ်ယောက်ပြောတဲ့စကားက အဲ့လောက်ထိအရှိုက်ထိမယ်မှန်း သူမသိခဲ့ဘူး။

-
-
-
-
-

"ကလေးကိုအောင်မြင်စွာမွေးခဲ့ပြီးပါပြီ၊ ကျွန်မတို့ ... ကျွန်မတို့ စိတ်မကောင်းပါဘူး၊ အမှုအမြန်ပေါ်ပါစေ"

ပေါ်မှာမဟုတ်တာ သူသိတယ်။ လူမဆန်တတ်တဲ့သူတွေ လက်ထဲမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ကိုယ်ဝန်ဆောင်သည်တစ်ယောက်ရဲ့ အမှုက ပေါ်မယ်ထင်နေသလား။

မွေးခန်းထဲကို တဖြည်းဖြည်းရွေ့လာခဲ့တဲ့ သူ့ခြေလှမ်းတွေဟာ ဆုံးဖြတ်ချက်တွေခိုင်မာအောင် လှုံ့ဆော်နေခဲ့တယ်။ ငိုသံလေး ယဲ့ယဲ့တောင်မကြားရတဲ့ ငြိမ်သက်နေတဲ့ ကလေးငယ်ရဲ့ပါးကို အသာထိကြည့်မိတယ်။

"ဝန်းဝို" ဒီကလေးကို အိုဝန်းဝိုလို့ အမည်မှဲ့မယ်။

-
-
-
-
-

"ပါးပါး...ပါးပါး...ပါးပါး တံခါးဖွင့်ပေးပါ၊ ဖွင့်ပေး၊ ဖွင့်ပေး"

မနက်တိုင်း အိပ်ရေးမဝတာ ဒီငမွှေထိုးလေးကြောင့်လည်း ပါတယ်ဟု တွေးကာ အိုဒါဆော့ အပေါ်အင်္ကျီတစ်ထည်ဆွဲဝတ်ပြီး အခန်းတံခါးဖွင့်လိုက်သည်။

"မောနင်း ပါးပါး"

သူ့ကိုချီခိုင်းနေတာမို့ ဝန်းဝိုကို ကောက်ချီလိုက်ရသည်။ တစ်ကိုယ်လုံးကို မွှေးကြိုင်နေအောင်လုပ်ထားသောကြောင့် ပါးလေးကို တစ်ချက်နမ်းကြည့်ရင်း....

FIVE Where stories live. Discover now