***နမ်းချင်တယ်***
နောက်တစ်ရက် Brightလည်း winသိပ်ကြိုက်တဲ့ ကြက်သားဟင်းရည်ကိုယူလာပေးတယ် အခန်းထဲဝင်တော့ winကနိုးပြီဆိုတာကိုတွေ့ရတယ် ဒါပေမယ့် winရဲ့မျက်လုံးက Brightကိုမမြင်ဖူးသလိုကြည့်နေတယ်
"အမေသူကဘယ်သူလဲ"
"Win သားလေးက Brightကိုမမှတ်မိဘူးလား"
Winက ပြန်စဉ်းစားဖို့ကြိုးစားနေ သူ့ခေါင်းအရမ်းကိုက်တာမြင်တော့
"ကျွန်တော်ခေါင်းကိုက်တယ် သူ့ကိုမတွေ့ချင်ဘူး မမြင်ချင်ဘူး"
Winအော်ပြီးပြောလိုက်တယ် ဒီလိုစကားတစ်ခါမှမကြားဖူးတဲ့အတွက်အရမ်းနာကျင်ခံစားရတယ်
"မင်းမမှတ်မိလည်းရတယ်"
Brightက winအတွက်ဟင်းကိုချပြီး ထွက်သွားလိုက်တယ် အပြင်ထွက်ပြီးငိုနေမိတယ် winကသူ့ကိုမမှတ်ချင် မချစ်တော့ဘူးဆိုတာ သိရတဲ့အတွက်ကြောင့်မို့ အရမ်းငိုချင်မိတယ်
"Win သားလေးခေါင်းကိုက်တာ ပျောက်ပြီလား"
"နည်းနည်းသက်သာပြီဗျ"
"Brightကိုမမှတ်မိဘူးလား"
"ကျွန်တော်မှတ်ညဏ်ထဲမှာသူ့ကိုမတွေ့ဖူး ပြီးတော့ ကျွန်တော်ကဘာကြောင့်သူ့ကိုမကြိုက်လည်းမသိဘူး"
အမေဖြစ်သူက သက်ပြင်းချမိ မယုံချင်လည်းဖြစ်သေး သူ့သားက Brightကိုဘယ်လောက်ထိချစ် တွယ်ကပ်နေလည်းဆိုတာ အသိဆုံးပါပဲလေ
နောက်တစ်နေ့ Bright က winသိပ်ကြိုက်တဲ့ရေခဲမှုန့်ကိုဝယ်လာပေးတယ် winကြိုက်မယ်ဆိုတာ Brightသိတယ်လေ အခန်းရှေ့ရောက်တော့ အပေါက်သေးသေးလေးကိုလှမ်းကြည့်တော့ win နဲ့ nani ဖက်တာကိုမြင်တော့ Bright အမြန်အခန်းထဲပြေးဝင်သွားပြီး
"Nani မင်းဒါဘာလုပ်လိုက်သလဲ"
Naniမတ်သပ်ရပ်ပြီး
"Winချစ်လေး ကိုယ်တို့အချစ်ကိုလိုက်နှောက်ယှက်တဲ့လူကဒီလူကြီးပဲ သူကwinကိုကြိုက်တယ် ကိုယ်ဆီကwinကိုလုယူဖို့ကြိုးစားတယ်"
Naniစကားက bright အံဩသွားတယ် winမတ်သပ်ရပ်ပြီး
"ဖြောင့်....မင်းလိုကောင်ကဘယ်သူ့အချစ်ဆီမှရဖို့မထိုက်တန်ဘူး ငါမင်းကိုမမှတ်တဲ့အကြောင်းက မင်းကဒီလိုလူဖြစ်နေလို့ပေါ့"
YOU ARE READING
နမ်းချင်တယ် (winbright)
Fanfic"Bright မင်းရဲ့နှုတ်ခမ်းကအရမ်းချိုတယ် ငါ့ကိုညတိုင်းပေးစားပါလား" "မကောင်းတဲ့ကောင် မင်းကြောင့်ငါ့နှုတ်ခမ်းကရောင်ယမ်းကုန်ပြီ" "winကျွန်တော်လည်း အကိုရဲ့ကောင်လေးနှုတ်ခမ်းကိုမြည်းစမ်းကြည့်ချင်တယ်" "မင်းကငါ့ညီဆိုပေမယ့် ငါ့ကောင်လေးကိုလာလုဖို့ကြိုးစားရင် မင...