Episode - 1

198 8 0
                                    

Unicode

" အကိုဒုက္ဓ ထပ်ဆုံကြပြန်ပြီနော် "

" မင်းက.. ဟိုနေ့တုန်းက ကောင်လေးလား "

" ဟုတ်တယ် အဲ့တာ ကျတော်ပဲ ၊ အကို မှတ်မိတယ်ပေါ့ "

" အင်း.. နည်းနည်း "

" နည်းနည်း မှတ်မိလည်း ရပါတယ်ဗျာ ဒါနဲ့ အကို ကော်ဖီ လာသောက်တာလား "

" အင်း ကိုယ် ကော်ဖီ သောက်ရင်း စာဖတ်
မလို့ "

" အော်.. အဲ့တာဆို ဖတ်ပါဗျာ ကျတော်လည်း ဘေးမှာထိုင်လို့ ရတယ်မလား "

" အင်း.. "

ချင့်ဂျယ် လည်း စကားတွေအများကြီးပြောချင်ပင်မဲ့ တစ်ဖက်လူက အေးဆေးနေရတာကြိုက်ပုံရလို့ မပြောပဲ ဘေးမှာ ငြိမ်ငြိမ်ထိုင်ပြီး ဟိုတွေးဒီတွေးနဲ့သာ ဖုန်းကြည့်နေတော့တယ် ။

အကိုဒုက္ဓ နဲ့ ကျတော့်ရဲ့ တွေ့ဆုံမှု့လေးကတော့ သာမာန်ပါပဲ.. ၊ သူများတွေနဲ့ အတူတူ မထူးခြားနေပါဘူး ။ ကျတော်က လမ်းထိပ်ထွက် စကိပ်စီးနေတဲ့ အချိန် ကျတော်တို့ ကွန်ဒို ရဲ့ လမ်းထိပ်က cafe ဆိုင်လေးအရှေ့အရောက် cafe ဆိုင်လေးထဲက ထွက်လာတဲ့ ဒုက္ဓလော ဆိုတဲ့ အကို နဲ့ ကျတော် နဲ့ တိုက်မိတော့တာပါပဲဗျာ ။

- ထိုအချိန်တုန်းက -

ဘုန်း !!

အ့

ဝင်တိုက်မိတာ ချင့်ဂျယ် ဆိုပင်မဲ့ လဲကျသွားသော လူကလည်း ချင့်ဂျယ် ရယ်ပါ ။

" အာ.. ကိုယ် တောင်းပန်ပါတယ် ကိုယ် အရမ်းလောသွားလို့ပါ "

လဲကျနေတဲ့ ချင့်ဂျယ်ကို ဆွဲထူပေးရင်း ထပ်မံမေးလာသော ထိုလူ..။

" အဆင်ပြေရဲ့လား "

" အာ.. ဟုတ်ကဲ့ ပြေပါတယ်ဗျ ၊ ကျတော်ကလည်း ဝင်တိုက်မိတဲ့သူမို့ ကျတော့်အမှားလည်း မကင်းပါဘူး ၊ တောင်းပန်ပါတယ်ဗျ "

" အဆင်ပြေတယ်ဆိုရင်ကို ရပါပြီဗျာ ၊ အခုတော့ ကိုယ်အရေးကြီးကိစ္စရှိလို့ သွားမှ ဖြစ်တော့မယ် ၊ ဒါကိုယ့် လိပ်စာကဒ်ပါ "

ပြောရင်း ကဒ်တစ်ကဒ်ကို လက်ထဲထိုးပေးသွားတဲ့ ထိုလူက လောလောလောလောနဲ့ ကားရှိရာဆီသွားကာ ‌မြန်မြန်ပဲ မောင်းထွက်သွားလေရဲ့ ။

A Love Story That Started From A Cafe ShopWhere stories live. Discover now