Unicode
" ချင့်ဂျယ်.. ဘယ်လိုဖြစ်လို့ အင်္ကျီအဝတ်အစားထုပ်တွေက အိမ်ပြောင်းသလောက် များနေတာလဲ.. "
" အာ.. ကိုကိုကလည်း ကျတော်က အင်္ကျီဆို ခနခနလဲတက်လို့ တစ်နေ့သုံးထည်လောက် ၊ ကျတော်ယူလာတာ အရမ်းလည်း မများပါဘူး ကိုကိုကလည်း လေးထုပ်ထဲရယ်ပါ "
" ဟ့ဟ ဟုတ်ပါပြီ ဘာမှမဖြစ်ပါဘူး ကိုယ်တို့နှစ်ယောက်ထဲဆိုတော့ ကားနဲ့ ဆန့်ပါတယ် "
ချင့်ဂျယ် က အထုပ်တွေကို ကားနောက်ခန်းထဲ ထည့်ပြီး
" ဒါနဲ့ ကိုကို အဲ့မှာ ဘယ်နှရက်လောက်ကြာကြာ နေမှာလဲ "
" ၁ ပါတ်လောက်ပါပဲ ၊ အရမ်းကြာကြာလည်း နေလို့မရလောက်ဘူး ကိုယ့်အလုပ်က အားတဲ့အချိန်ပဲ သွားရတာလေ "
" အော်.. ဟုတ်ကဲ့ပါဗျာ့ "
ချင့်ဂျယ်ရဲ့ စကားဆုံးသွားတာနဲ့ ၅ မိနစ်လောက် တိတ်ဆိတ်သွားကြတယ် ။ ခနကြာတော့ ဒုက္ဓလော ဆီက စကားသံတစ်ခု ထွက်လာတယ် ။
" ချင့်ဂျယ် "
" ဗျာ့ "
" ဘာစားချင်လဲ အခုထဲက တစ်ခါတည်း ဝယ်သွားရအောင် လမ်းမှာဆို ဝင်ဝယ်ဖို့ အဆင်မပြေလောက်ဘူး "
" အာ.. ဟုတ် "
နှစ်ယောက်သား စတိုးဆိုင်တစ်ဆိုင်မှာ ဝင်ပြီး လမ်းမှာစားဖို့ မုန့်တော်တော်များများဝယ်လာလိုက်တာ ကားရဲ့ နေရာတစ်ဝက်လောက်ကို မုန့်ထုပ်တွေနဲ့ အင်္ကျီအဝတ်အစားထုပ်တွေက နေရာယူသွားတော့တယ် ။
ဒီလိုနဲ့ သူတို့ ကားလေး စပြီး မောင်းနှင်ကာ ရန်ကုန် မှ ပြင်ဦးလွင် သို့ သွားတဲ့ ခရီးစဥ်လေး ကို အစချီတော့တယ် ။
" ကိုကို အနူးချောင်း "
" ဟင်.. "
ဒုက္ဓလော ရဲ့ ' ဟင် ' ဆိုတဲ့ စကားသံကြောင့် ချင့်ဂျယ်မှာ ပြာပြာသလဲလဲဖြင့် ပြန်ပြီး ရှင်းပြရတော့တယ် ။
" မဟုတ်.. မဟုတ်ဘူး ကိုကို ကျတော်ခနက ဖုန်းကြည့်ပြီး ယောင်သွားလို့ ၊ ကိုကို အာလူးချောင်း စားအုံးမလားလို့ ပြောမလို့ပါ "
" အော်.. ရတယ် ကိုယ် မဆာသေးပါဘူး "
" ဟု..ဟုတ် ကိုကိို ခနက ကျတော် ယောင်သွားလို့ပါနော် တစ်မျိုးမထင်ပါနဲ့.. "
YOU ARE READING
A Love Story That Started From A Cafe Shop
Romanceမြင်မြင်ခြင်း အချစ်တွေကို မယုံကြည်တဲ့ ကျတော်က ကိုကိုနဲ့ကြမှ မြင်မြင်ချင်း ချစ်ခဲ့မိပြီ ဒါကိုတော့ ယုံပါဗျာ မြင်မြင်ခြင်း အချစ်တွေကို မယုံကြည်တဲ့ ကျတော်က ကိုကိုနဲ့ကြမှ မြင်မြင်ချင်း ချစ်ခဲ့မိပြီ ဒါကိုတော့ ယုံပါဗျာ - Cover Photo from pinterest - Crd_...