Episode - 2

46 5 0
                                    

Unicode

နောက်တစ်နေ့တွေကျတော့လည်း ကျတော်နေတဲ့ ကွန်ဒို လမ်းထိပ်က cafe ဆိုင်လေးကို ခနခန သွားဖြစ်တယ် ။ ကိုကိုက အဲ့ဒီကို နေ့တိုင်းလာတယ်လေ ။ ဒါကြောင့် ကိုကိုနဲ့ တွေ့ဖို့ဆို သိပ်မခက်ခဲဘူး လို့ပဲ ပြောရမယ် ။

ဒီနေ့နဲ့ဆို ကိုကိုနဲ့ သိတာ ၂ လ လောက်တော့ ကြာပြီ ။ ဒီနေ့လည်း ထပ်ပြီး cafe ဆိုင်လေးကို သွားအုံးမယ် ။ ‌အိပ်ရာနိုးတာနဲ့ ချင့်ဂျယ် တစ်ယောက်ကတော့ ရေမိုးချိုး ၊ သက်သက်ရပ်ရပ် ပြင်ဆင်ပြီး စကိပ် တစ်ခုနဲ့ ထွက်လာတော့တယ် ။

ဟိုရောက်တော့ ကိုကိုကတော့ ခါတိုင်းလိုပဲ ကော်ဖီလေးသောက်ပြီး စာဖတ်နေချည်ရဲ့ ။

" ကိုကိုက ရောက်နှင့်နေပြီလား "

" အော် ချင့်ဂျယ် ၊ အင်း ကိုကို က အမြဲ မင်းထပ် ရောက်နှင့်နေကြလေ အဲ့တာက အထူးအဆန်း မဟုတ်ဘူးမလား "

ဒုက္ဓလော တစ်ယောက် သူ့ထပ် အမြဲ အရင်ရောက်နှင့်နေကြသူကို ဒီလိုမျိုးပဲ ' ရောက်နှင့်နေပြီလား ' လို့ ခနခနမေးတက်တဲ့ ကလေးကို မေးခွန်းပြန်ထုတ်ပြီး မေးလိုက်တယ် ။

" မဟုတ်ပါဘူး ကိုကိုရဲ့ ကျတော်က စစရောက်ခါစဆိုတော့ စကားစရှာတာ ၊ ဟုတ်တယ် စကားစရှာပြီး ပြောတာ "

" ဟ့ဟ ဟုတ်ပါပြီဗျာ ၊ ကိုကို မင်း အတွက် cake မှာပေးထားတယ် "

" ဟုတ် "

ချင့်ဂျယ်ရဲ့ " ဟုတ် " ဆိုသည့် စကားအဆုံး လူနှစ်ယောက်ကြားက စကားသံတွေက တိတ်ဆိတ်သွားကြတယ် ။ နည်းနည်းကြာတော့ ထိုအခြေအနေကြီးကို ဖြိုခွဲလိုက်တဲ့ သူကတော့ ချင့်ဂျယ် ပင် ။

" ကိုကို "

" ဗျာ "

" ကိုကို သိလား ၊ ခနတုန်းကလို ကိုကို ရယ်လိုက်ရင်လေ ကိုကို ဘယ်ဘက်ပါးလေးက ချိုင့်ဝင်သွားပြီး ထွက်လာတဲ့ ပါးချိုင့်လေး နဲ့ ကိုကိုက လှတယ် "

ဒုက္ဓလော ဘာမှပြန်မပြောသေးခင်ပဲ
ချင့်ဂျယ်က ဆက်ပြောတယ် ။

" ယောက်ျားလေး တစ်ယောက်ကို လှတယ်လို့ မပြောသင့်ပင်မဲ့ ကိုကို လှတာ မိန်းကလေးတွေလို လှတာမျိုးမဟုတ်ဘူး ဘယ်လိုမျိုးလဲ ကျတော် မပြောပြတက်ဘူး ကိုကိုကကွာ ကြည့်လို့ကောင်းတယ် အရမ်းပဲ ၊ ပြီးကျ သဘောကျချင်စရာကောင်းတယ် ကျတော်တော့ သဘောကျတယ် "

A Love Story That Started From A Cafe ShopWhere stories live. Discover now