အစ်မသို့.....၁
ငေးကြည့်ရမဲ့ကံပါခဲ့မှန်း
အစကတည်းက သိခဲ့ပါတယ်။အစ်မဟာ ပင်ယံထက်ကကြယ်
ညီမကတော့ ငေးကြည့်ရတဲ့သူပေါ့လေ။အစ်မနားက လမင်းကြီးနဲ့ယှဥ်တဲ့အခါ
ညီမဟာ သေးသိမ်ခဲ့ပါတယ်။အစ်မကို မပိုင်နိုင်ဘူး။
သေချာသိခဲ့ပါလျှက် တွယ်ငြိခဲ့ပါတယ်။ချစ်ခြင်းမေတ္တာဟာ ရောင်ပြန်ဟပ်သတဲ့
ဒါဟာ ညီမအတွက်တော့မဟုတ်ခဲ့လေဘူးအစ်မရယ်။အစ်မဟာ သိပ်ကိုချစ်တတ်ပါတယ်။
ညီမ မဟုတ်တဲ့ တစ်ပါးအမျိုးသားလေးကို
အစ်မဟာ သိပ်ကို ချစ်တတ်ခဲ့ပါတယ်။#NyeinNwe
1Sep2022(11:39AM)