အစ်မသို့ (၂)
အရင်လိုစကားတွေအများကြီးမပြောဖြစ်တော့ပေမဲ့အစ်မပုံရိပ်လေးတွေခပ်ဝေးဝေးကနေလှမ်းမြင်နေရတာနဲ့ကျေနပ်ရပါတယ်။
အစ်မအပြုံးလှလှလေးခိုးငေးမယ်။အစ်မရယ်သံသဲ့သဲ့လေး အစ်မမသိအောင်ခိုးနားထောင်မယ်။အစ်မနဲ့မျက်နှာချင်းဆိုင်မဆုံအောင်ရှောင်မယ်။
အရင်လိုရင်းရင်းနှီးနှီးနဲ့စကားတွေမပြောရတော့ပေမဲ့
အစ်မကိုခပ်ဝေးဝေးကနေ အရိပ်တကြည့်ကြည့်နေပါ့မယ်။အစ်မလိုအပ်တဲ့အခါ အပြေးလေးလာကူမှာပေါ့။အစ်မပြုံးနေရင်ပျော်မယ်။သိပ်ချစ်ခဲ့ရတဲ့အဖြူရောင်တိမ်စိုင်လေးအစ်မကို အထိအခိုက်နည်းအောင်အကောင်းဆုံးစောင့်ရှောက်မယ်။
စကားတွေမပြောရတော့ပေမဲ့အစ်မအဆင်ပြေပျော်ရွှင်နေတာမြင်ရရင်ပဲနေ့ရက်တွေဟာတကယ် ပျော်ရွှင်ရပါတယ်။
မပိုင်ဆိုင်ရပေမဲ့ အစ်မဆိုတဲ့နာမ်စားလေးကို တစ်သက်လုံး နှလုံးသားရဲ့အနက်ရှိုင်းဆုံးမှာသိမ်းထားပြီး ခပ်ဝေးဝေးကနေလွမ်းနေပါ့မယ်။
#NyeinNwe