အစ်မသို့ (၄)
နာကျင်မှုဆိုတာ ဘာလဲသိလားအစ်မ။
ဘေးချင်းကပ်ထိုင်ပြီး စကားတွေမပြောရတာမျိုးပေါ့အစ်မရယ်။တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်ရှိနေပြီး စကားတွေမပြောဖြစ်ဘူး။ပြုံးမပြဖြစ်ကြဘူး။အရင်ဆို တရင်းတနှီးနဲ့ မေးထူးခေါ်ပြောနေခဲ့ပြီး အခုကျ ဘေးချင်းကပ်ပြီးထိုင်ရတာတောင် စကားသံတွေထွက်ကျမလာတော့ဘူး။
နာကျင်ရတယ်သိလားအစ်မ။ကိုယ်ချစ်ရတဲ့လူတစ်ယောက်ဆီက ဒီလို ဥပေက္ခာပြုခံရတာ အသည်းခိုက်မတက် နာကျင်ရပါတယ်။ဝဋ်ကြွေးဆိုရင်တောင် မချေချလိုက်ချင်ပါဘူး။အစ်မအပြုံးတွေနဲ့ဝေးရာ အရပ်မှာ ဒီကလေးမက ရှင်သန်နိုင်မှာမှမဟုတ်တာပဲအစ်မရယ်။
နာကျင်တယ်၊နာကျင်ရတယ်။ဆူးတွေခြံရံထားတဲ့နှင်းဆီတစ်ပွင့်ကို ဆုပ်ကိုင်ထားရသလိုမျိုး အစ်မဆိုတဲ့အမျိုးသမီးကို ချစ်ခင်ရတာလည်း နာကျင်ရပါတယ်။နာကျင်ပေမဲ့ မစွန့်လွှတ်နိုင်ခဲ့။နာကျင်ပေမဲ့ ဖက်တွယ်ထားမိခဲ့။အစ်မကို ထိုမျှလောက်ထိချစ်မြတ်နိုးပါတယ်။
ဖိတ်စာလေးတစ်စောင်ရောက်လာမဲ့နေ့ကို အကြောက်တရားတွေနဲ့စောင့်နေရတယ်။အစ်မနာမည်လှလှလေးဘေးမှာ ရေးထိုးထားမဲ့အမျိုးသားလေးကို.မနာလိုဘူးသိလား။ဖြစ်န်ုင်ရင် အစ်မကိုညီမပဲ ပိုင်ချင်တာ။ချစ်ရသူက ကိုယ်နဲ့မပျော်တာသိတော့လည်း ရင်နာနာနဲ့စွန့်လွှတ်ရပါတယ်။အစ်မနဲ့ခပ်ဝေးဝေးနေရတဲ့အခိုက်အတန့်မှာ ဒီကလေးမဟာ ဒဏ်ရာတွေနဲ့ပါ။
#NyeinNwe