<Ep-1>

54 3 0
                                    

တောင်ကိုးရီးယားနိုင်ငံ၏အလယ်လတ်လူတန်းစားများနေထိုင်သည့်နေရာတစ်ခုတွင် တစ်ရပ်ကွက်လုံးဆူညံ့အောင်စကားများနေကြသည့် အိမ်တစ်လုံး

ဝုန်း !!!

* ရားးး ! နင်ကများတက္ကသိုလ်တက်ချင်ရသေးတယ်ပေါ့လေ ဟုတ်လား !!!? တကယ်ပါပဲ အိုက်ဂူးးး *

Soyu:...

* နင်အဖေဆုံးပြီးကတည်းကငါကပဲ ငါ့သမီးနဲ့နင့်ကိုရှာကျွေးလာခဲ့တာပါ အခုချိန်ထိ ငါဆိုတဲ့ဒီမိန်းမကြီးကလေ! *

Soyu:...

* ဘယ့်နှယ့်တော် အထက်တန်းပြီးအောင်ကျောင်းစရိတ်ထားပေးတဲ့ကျေးဇူးကိုမှမထောက် ဒင်းကဈေးကြီးတဲ့တက္ကသိုလ်ကိုတက်ချင်ရသေးတယ် အံ့ပါ့ ဒီမှာငါရှင်းရှင်းပဲပြောမယ် ငါနင့်ကိုဆက်ပြီးမထောက်ပံ့ပေးနိုင်တော့ဘူး အေးတကယ်လို့နင်ပိုက်ဆံရှာဖို့အတွက်အလုပ်မလုပ်ရင်ဒီအိမ်မှာမနေနဲ့ အခုချက်ချင်းဆင်း ! *

Soyu:...အဒေါ်ကြီး 🗯️

* အောင်မာ ဒင်းကများငါ့ကိုပြန်အော်ရသေးတယ် *

Soyu:..ဒီအိမ်ကကျမမိဘအိမ် ကျမကိုနှင်ထုတ်စရာမလိုဘူး ပြီးတော့ဘာကျောင်းစရိတ်လဲ ရှင်ဘယ်တုန်းကများကျမကျောင်းစရိတ်ကိုရှာပေးခဲ့ဖူးလို့လဲ ! အဲ့ဒါအားလုံးကျမအဖေပဲကျမကိုဆရာမဆီမှာအပ်ထားပေးခဲ့တာ ရှင့်လက်ထဲမှာသာထားပေးခဲ့ရင်လေ ကျမအထက်တန်းတောင်ပြီးမှာမဟုတ်ဘူး အဲ့ဒါကြောင့်လူကြားကောင်းအောင်ထပ်ပြီးဟန်ဆောင်မနေပါနဲ့တော့

* ဒီကောင်မ ! *

Soyu:...ကျမတက္ကသိုလ်ရောက်အောင်သွားမှာ ကျမမိဘနှစ်ပါးရဲ့ဆန္ဒကိုသေချာပေါက်ဖြည့်ဆည်းပေးမှာ အဲ့ဒါကြောင့်မို့ အခုကျမဒီအိမ်ကနေဆင်းသွားပေးမယ်

* ဟက် ဒါကိုများ ကြီးကြီးကျယ်ကျယ်ပြောနေရသေးတယ် ဆင်းသွား ဆင်းသွား ပြန်မလာနဲ့ ဂျိုကောင်မလေး ! *

Soyu:..တစ်နေ့ကျရင် ရှင့်အမှားအတွက်ပြန်ပေးဆပ်ဖို့အသင့်ပြင်ထားပါ အဒေါ်ကြီး

ထို့သို့ခပ်ပြတ်ပြတ်ပြောပြီးခရီးဆောင်အိတ်ကိုဆွဲကာသူမအိမ်ပေါ်မှဆင်းသွားချိန် သူမစကားကြောင့်အထိနာပြီးအိမ်ထဲသောင်းကျန်းဆဲဆိုနေသည့်ထိုမိန်းမကြီးရဲ့ဆူညံ့သံများကို မိုးများသည်းသည်းရွာ၍လွှမ်းခြုံပြစ်လိုက်လေသည်

StartWhere stories live. Discover now