ရန်ကုန်-အဝေးပြေးလမ်းမကြီးပေါ်တွင် ကားတစ်စီးအရှိန်
မှန်"လေးဖြင့်မောင်းနှင်လာသည်။ ထိုကားပေါ်တွင် ရေဒီယိုမှ လွှင့်သော ထူးအိမ်သင် သီဆိုထားသော"ချစ်သူ့
လက်ဆောင်" သီချင်းကို လိုက်ဆိုနေသော မိန်းမငယ်လေး
တစ်ယောက်။အရပ်ရှည်ရှည် အသားဖြူဖြူ ကျစ်လျစ်သွယ်လှသော ခန္ဓာကိုယ် ဂုတ်ထောက်မျှသာရှိသော ဆံနွယ် ပိုင်ရှင် တစ်ဦ်း။ ထိုဆံနွယ်ပိုင်ရှင်လေး၏အမည်
ကား မေဇမ္မူမောင်လို့ အမည်တွင်သည့် မိန်းမငယ်လေး။
ထိုမိန်းမငယ်လေးကာ ထူးခြားသည်မှာ သူမ၏ဘယ်ဘက်
မျက်ခုံးလေးဘေးတွင် မှဲ့နီလေးတစ်လုံးပါတာဟာ သူမ၏ ထူးခြားမှုပင်။ဖုန်းလာသောကြောင့် ရေဒီယိုကို ခနပိတ်ကာ ဖုန်းကိုကိုင်
လိုက်သည်။"ဟယ်လို ကလျာ"
"မေနင်ဘယ်နားရောက်ပြီလဲ"
"ငါပဲခူးမြို့ထဲကိုတော့ရောက်တော့မယ်"
"အေးနင်ပဲခူးမြို့ထဲကိုဝင်လာရင် ရွှေမောဓောဘုရားလမ်း
ကိုသိတယ်မလား""အေးသိတယ်"
"ဟုတ်ပြီ နင်ဘုရားလမ်းကိုမောင်းလာခဲ့လိုက် ငါဘုရားရှေ့နားမှာ စောင့်နေတယ် နင့်ကို"
"ဟုတ်ပြီ"
ကလျာဆိုတာက မေနဲ့အတူတက္ကသိုလ်ပထမနှစ်ထဲကနေ
ခုတတိယနှစ်ထိတူတူပေါင်းသင်းလာခဲ့တဲ့သူငယ်ချင်း။မေကLGBTတစ်ယောက် ကလျာကတော့ မေ့လိုမဟုတ်ဘူးဒါပေမယ့်ကလျာကLGBTကိုရှုံ့ချတာမျိုးမရှိဘူး။ကလျာကမေ့အပေါ် အနွံနာလဲခံပေးတယ် မေလိုအပ်ချိန်တိုင်း မေ့အနားမှာရှိပေးတယ် မေ့ကိုလဲနားလည်ပေးတယ် နောက်ပြီးမေ့ကိုလဲဂရုစိုက်ပေးတယ် ကလျာကမေ့အတွက်တော့တဂယ့်သူငယ်ချင်းကောင်းတစ်ယောက်ပါ။နောက်ပြီးကလျာက သီတင်းကျွတ်ကျောင်းပိတ်ရက်ဖြစ်တာကြောင့်သူတို့ပဲခူးမြို့ကိိုအလည်လာခဲ့ပါဆိုလို့ မေလာခဲ့ရခြင်းဖြစ်သည်။မေအတွေးတွေလွန်ပြီးမောင်းလာကာ ဘုရားလမ်းသို့ရောက်လာခဲ့သည် မေ့ကားလေးကိုမြင်တော့ ကလျာကလက်
လှမ်းပြသည်။မေလဲ ကလျာလက်လှမ်းပြသောကြောင့်
ကားလေးကို ကလျာ့ထံသို့ မောင်းနှင်လာခဲ့လိုက်သည်
YOU ARE READING
အချစ်နိဒါန်း
Non-Fictionမေသာပြန်ချစ်မယ်ဆိုအန်တီဘာလုပ်ရလုပ်ရအန်တီလုပ်နိုင်ပါတယ် သမီးမေရယ်