Part-3

45 1 0
                                    

အချိန်အားဖြင့်ညနေ၅နာရီခွဲရှိပြီဖြစ်သည်။

"တီခြူးရေ မပြီးသေးဘူးလား သွားကြရအောင်လေ"
ကလျာနဲ့မေရယ် ကောင်းခန့်တို့မောင်နှမရယ်ကသွားဖို့
အဆင်သင့်ဖြစ်နေပြီ တီခြူးကခုထိဆင်းမလာသေးသော
ကြောင့်ကလျာလဲ အော်ပြောလိုက်ရသည်။

"လာပြီ လာပြီ ကလျာရေ ဒီမှာ တီခြူး ပုတီးဘယ်နားထား
မိမှန်းမသိလို့ ရှာနေတာ"

"ဟာ တီခြူးကတော့ သတိမေ့တတ်နေပြီပဲ မြန်"ရှာပြီး
မြန်"လာတော့တီခြူးရာ"

"အင်းပါ အော် တွေ့ပြီကလျာရေ" ဆိုကာ အပေါ်ထပ်ကနေဆင်းလာသည်။ လက်ထဲ၌လဲပိုက်ဆံအိတ်ကိုကိုင်ကာ
ပုခုံးတစ်ဖက်တွင်လဲပုဝါလေးကိုတင်ထားသည်။ ဒီတစ်
ခါတော့တီခြူးဟာ ယောဂီဝတ်စုံလေးနှင့်ဖြစ်သည်။

"တွေ့မှပဲ မတွေ့ရင်တီခြူးကိုထားခဲ့တော့မို့"

"ကိုယ့်တီလေးကိုနင်ကလဲ" မေ လဲ ဘေးကနေဝင်ပြော
လိုက်သည် ကလျာ့ကို

"ဘာဖြစ်လဲ ငါ့တီလေးမို့ငါပြောတာလေ"

"ဟူး"မေလဲဘာမှဆက်မပြောတော့ပဲခေါင်းသာခါနေလိုက်သည်။

"ဘာတွေပြောနေကြတာလဲ သူငယ်ချင်းနှစ်ယောက် သွား
ကြမယ်လေ တော်ကြာနောက်ကျနေမယ်"

"ဟုတ်ကဲ့တီခြူး" မေတို့လဲအိမ်တံခါးတွေခြံတံခါးတွေ
ကိုသေချာပိတ်ကာ ဘုရားသို့ထွက်လာလိုက်သည် မေက
လမ်းလျှောက်သွားချင်တယ်ဆိုတာကြောင့် မေတို့တွေ
လမ်းလျှောက်လာလိုက်ကြသည် လမ်းတစ်လျှောက်လုံး
လဲ လူအများက တီခြူး၊မခြူး ဆိုပြီးခေါ်ကာနှုတ်ဆက်
ကြသည် မေတွေးမိသည် တီခြူးဟာလူချစ်လူခင်ပေါ
များသားဟုဆိုပြီးတော့ပေါ့။ ထို့နောက် အိမ်တိုင်းအိမ်
တိုင်းဟာလဲ သီတင်းကျွတ်ရာသီဖြစ်သောကြောင့် မီးပုံများ မီးကြိုးများတပ်ရန် ပြင်ဆင်နေကြသည်ကိုလဲတွေ့ရသည်မေတို့နာရီဝက်လောက်လမ်းလျှောက်လာကာ နောက်ဆုံးတော့ ရွှေမောဓောဘုရားစေတီသို့ရောက်ခဲ့သည်

ဘုရားပေါ်သို့ရောက်တော့ တီခြူးက ပုတီးစိတ်မည်ဆို
သောကြောင့်သူ့နေ့နံကိုရှာကာ ပုတီးစိတ်ရန်ပြင်လိုက်
သည် မေနဲ့ကလျာရယ် ကောင်းခန့်တို့မောင်နှမရယ်က
ဘုရားကိုတစ်ပတ်ပတ်လိုက်သည် ပြီးနောက်ဘုရားကို
ရေသပ္ပာယ်ရန်အတွက် ကိုယ့်နေ့နာမ်ကိုရှာရန်ထွက်ခဲ့
လိုက်သည် မေရှာနေရင်း တွေ့တော့ မေ့နေ့နာမ်နှင့်တီ
ခြူးရဲ့နေ့နာမ်ကတူတူဖြစ်နေတာကိုတွေ့လိုက်ရသည်
မေမသိလိုက်ခင်မှာကိုယ့်ကိုယ်ကိုပြုံးမိသွားသည် ထို့နောက်မေလဲ ရေသပ္ပာယ်ပြီးနောက် တီခြူးပုတီးစိတ်နေတာကိုထိုင်ကြည့်နေလိုက်သည် ပြီးနောက် မေ့ဖုန်းလေးကိုထုတ်ကာ တစ်စုံတစ်ခုကိုရိုက်ယူလိုက်သည် ဤအရာကား
တီခြူးပုတီးစိတ်နေသောပုံပင်။

အချစ်နိဒါန်းWhere stories live. Discover now