တောသားလေးရဲ့ စိတ်ကူးယဉ် နတ်သမီး (အပိုင်း -၁)

18 1 0
                                    

နွေဦးစချိန် စိန်ပန်းဝေကျဲပြန့်
လေရူး လေပွေ ကွန်မြူးစေတဲ့ စိတ်ကူးပျံ့လျ
လွမ်းစိတ်တစေ ခြောက်လှန့်နေ သည်

နဝမတန်းဖြေဆိုပြီး..နွေရာသီကျောင်းပိတ်ချိန်မှာပေါ့."ငြိမ်းချမ်း..ရေ..သား. စာမေးပွဲဖြေနိုင်ခဲ့ ရဲ့လား " အဖေ ဖြစ်သူ ဦးမြင့်က မေးရာ ငြိမ်းချမ်း တစ်ယောက် သူစာမေးပွဲ သေချာပေါက်အောင်မည်ကို ယုံ သည် သို့သော် ဂုဏ်ထူးမပါနိုင် ကိုသိနေသည်။"အဖေ သားစာမေးပွဲက‌အောင်မှာ သေချာတယ်'ဒါပေမဲ့ ..ဆိုနေရင်း စကားတစ်ခံနေစဉ် "ဒါဖြင့်..ဘာဖြစ်လဲ သားရဲ့" ဖခင်ဖြစ်သူ ဦးမြင့်က ကြားဖြတ်မေးရာမှ "သားဂုဏ်ထူးတော့မပါနိုင်ဘူး အဖေ." ..."အော်..ဒါများ သားရာယ် သားအဓိက စာမေးပွဲ အောင်ရင် အဖေ တို့ကျေနပ်ပါတယ် ".."သား..ကို အဖေပြောရအုံးမယ်"..ထိုခါ
သားဖြစ်သူ ငြိမ်းချမ်း မှ "ဗျာ ..' အဖေ ပြောလေ".."အေး အဖေ သားကို အိမ်မှာ လေး..ငါးရက် နားပြီး .တောင်ကြီး က မင့် အဒေါ်ချီ အလုပ်သွားလုပ်မလားသား"ငြိမ်းချမ်း စဉ်းစား နေလေတယ်...
ခန ကြာမှ "ဟုတ် အဖေ သား သွားလုပ်ပါ့မယ်"
အမှန်တော့ သူစိတ်ထဲမှ မြို့ကြီး ဆိုတာ တစ်ခါမှ မရောက်ဘူးချေ ..သူကိုယ်တိုင် သွားချင်စိတ် ရောက်ဖူးချင်စိတ်
ပျင်းပြနေသည်။
ငြိမ်းချမ်းအိမ်မှာရှိ နေချိန် အမေအလုပ် လုပ်ကူရင်း အိမ်ပေါက် နွားလေးကောင် ကြောင်းရင်း အချိန်ကုန်လာ ခဲ့သည်။
ကျောင်းပိတ်ပြီး သုံးရက်မြောက်နေ့ည‌နေစောင်းချိန် တွင် ငြိမ်းချမ်း ရဲ့ အမေဖြစ်သူ ဒေါ်စိုးစိုး မှ သားအတွက် အင်္ကျီ နှင့်ဆောင် ခြင်ထောင် လိုအပ်တာ ထည့်ပေးထုတ်ပေးနေစဉ်..
"အမေ သားဒီနေ့ သွားရမလား .."‌ဟု မေးရာ " သား..ဒီနေ့သွားချင်လို့လား' သားရဲ့ အဖေကိုပြောကြည့်လေ" ဆို ကာ ဖခင်ဖြစ်သူ ခွင့်တောင်းခိုင်း လေသည်။
ထိုခါ ဖခင်ဖြစ်သူ ဦးမြင့်ကကြားဝင်၍".
. အေးပါ သား..
သွားချင်ရင် မနက် ကျ အဖေ လမ်းထိပ် လိုက်ပို့ပေးမယ်"
...
" ဟုတ်ကဲ့ ..အဖေ".." မနက်ကျ အစောထလိုက်ပို ပေးမယ် ကားအမှီသွားရမှာ စောစောအိပ်နော် သား"...
ဟု ဆိုကာ ဖခင် ဖြစ်သူ ဦမြင့် ဘုရား ဝတ်တက်ရန်ဘုရားခန်းသို့
ဝင်သွားလေသည်။
ဘာရယ်ကြောင့်လဲမသိ တစ်ညလုံး ငြိမ်းချမ်းတစ်ယောက် အိပ်မပျော်နိုင်ခဲ့ချေ...
မနက် ၂ နာရီခွဲမှ အိပ်ပျော်သွားတယ် ....
မနက် အစောတွင် "ဒေါက်..ဒေါက်..သားရေ ငြိမ်းချမ်း ထတော့လေ..သား ကားနောက်ကျနေမယ်' သား ....
ထတော့ ..ထတော့ " မိခင် တံခါးခေါက်နိုးခါမှ
ပြာပြာသလဲ ဖြင့် " ဟုတ်..အမေ .. သား ထပြီ"
အသံပေးကာ မျက်နှာသစ်သွားတိုက် ပြီး အသင့်ပြင်သော မနက်စာ ထမင်းကြမ်းနှင့် ပဲပြုတ် စားပြီး ...
ဂျင်းစဖြင့်ချုပ်ထားသော ကျောပိုးထုပ်တွင် မိခင်ဖြစ်သူ ဒေါ်စိုးစိုးမှ အဆင်သင့်ထုပ်ပိုးပေးထားသောကျောပိုးထုပ်
လက်ကဆွဲကာ .....
အဖေ နှင် အမေ အား တန်းလျား ခုံပေါ် အတူထိုင်‌ စေ၍
"အဖေ ..နဲ့.အမေ .ကို သားကန်တော့ခဲ့ပါတယ်နော်'..သားတောင်ကြီးရောက် ရင် အဒေါ်စကား နားထောင်မှာပါ..သားလိမ်လိမ်မာမာနေပါ့မယ်" ..
ထိုခါ ဖခင် ဖြစ်သူမှ"..အင်း..သားလေး လဲ
အခုလိုမိဘကန်တော့ရတဲ့အကျိုးကြောင့် အစစအရာရာ အဆင်ပြေပါစေ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ" ဆုပေးလေ တယ်
မိခင်ဖြစ်သူ ဒေါ်စိုးစိုးမှ လည်း ထို့တူ ဆုပေးဆုံးမကာ သားဖြစ်သူအား နှုတ်ဆက်၍
ဖခင်ဖြစ်သူမှ လမ်းထိပ်ထိ လိုက်ပို့ပေးလေရာ
ကားပေါ်ရောက်သည်နှင့်
ဖခင် ဖြစ်သူ လက်ပြ နှုတ်ဆက် ခြင်းဖြင့် မွေးရပ်မြေ...
သရက်ကန် ရွာလေးမှ
ထွက်ခွာလာခဲ့ ခြေပြီ.....

Lift Time Where stories live. Discover now