7

547 85 4
                                    

"ရွေးကောက်ပွဲပြီးထဲကမတွေ့ရတာတောင်ကြာပြီနော်သမ္မတကြီး"

အိမ်ပြာတော်အတွင်းလူတစ်ယောက်အရပ်ထပ်ပိုမြင့်တဲ့ဖန်သားပြင်ရှေ့ကစုံလည်ခုံပေါ်မှာ‌ေတာ င်ကိုရီးယားသမ္မတလဲရှိသလို ဘေးကအတွင်းရေးမှူးစသည့်အထက်ပိုင်းအရာရှိများရှိသည်

သူတို့ကြည့်နေတာဖန်သားပြင်ထဲကမီးနဂါးကြီးဆိုတဲ့သူ နာမည်အရသာရီစရာကောင်းပေမဲ့ ပိုင်ဆိုင်မှုနဲ့အာဏာကသူတို့ထပ်ကြီးနေတဲ့လူငယ်တစ်ယောက်ပဲ

အောက်ခြေမှာကအစခွေးလိုဝက်လိုရုန်းပြီးဒူပေဒါပေခံလို့တက်လာတဲ့လူငယ်တစ်ယောက်ကို‌သူတို့ခေါင်းငုံ့ရတဲ့အနေအထားဆိုလဲဟုတ်သည်

"မတွေ့ရတာကြာပြီ မောင်ရင် အခုလိုဖြစ်နေတဲ့ကိစ္စတွေကိုတော့သိမှာပါ"

မျက်နှာတစ်ဝက်တဲ့ကပွဲတွေမှာဝတ်ဆင်တဲ့မျက်နှာဖုံးကိုမှ‌ညာဘက်ထောင့်မှာရွှေရောင်နဂါးပုံစံကိုအစွတ်လိုတပ်ထားသည်

အနောက်တိုင်းဝတ်စုံနဲ့ဆာမူရိုင်းဓားကြီးကိုလွယ်ထားတာဖြစ်ပြီးဆိုဖာအညိုရောင်ပေါ်မှာထိုင်နေကာအဲ့ဒီ့လူငယ်ရဲ့အနောက်မှာ မျက်နှာဖုံးကိုမျက်နှာတစ်ခုလုံးစွတ်ထားတဲ့လူနှစ်ယောက်ရှိသည်

ဒီလူငယ်သည်လွန်ခဲ့တဲ့သုံးနှစ်ရွေးကောက်ပွဲကာလတုန်းကရဲတွေကို့အပိုင်စားထားသည့်ပြိုင်ဖက်ရွေးကောက်ခံကိုယ်စားလှယ်ရှိသည်လာဘ်ပေးလာဘ်ယူအပြင် အရှေ့‌မှာကောင်းပြပြီးလုပ်ချင်ရာလုပ်နေတဲ့ပြိုင်ဖက်ကိုယ်စားလှယ်သည် မဲအပြတ်အသတ်နိုင်မဲ့အင်အားမှာရှိသည်

အဲ့ဒီ့အချိန်လက်ရှိသမ္မတထံမီးနဂါးဆီကကမ်းလှမ်းစာရောက်လာ၏ အပြတ်အသတ်မဲနိုင်အောင်လုပ်ပေးနိုင်ရင်သူတို့ဂိုဏ်းကိုလုပ်ပိုင်ခွင့်ပေးဆိုတာပဲ

လက်ခံလိုက်တာမို့ နာရီပိုင်းအတွင်းတက်လာတဲ့ပြိုင်ဖက်ကိုယ်စားလှယ်ရဲ့အတွင်းသတင်းတွေ ပြည်သူတွေကလဲ မကောင်းတဲ့ရွေးကောက်ခံကိုယ်စားလှယ်အားပစ်ပယ်ကာ လက်ရှိသမ္မတကအပြတ်အသတ်အနိုင်ရခဲ့သည်

"ကျွန်တော်ပြည်ပ‌ရောက်နေတာ
အခု ကိစ္စလေးရှိလို့
ပြည်ဝင်ခွင့်ရချင်တယ်"

The King (Season 2/Completed)Where stories live. Discover now