ဇာတ်ကြောင်း - ၂

650 74 4
                                    

"နိုးနေရင် ထတော့လေ"

နူးညံ့ညင်သာတယ်လို့ ထင်ရတဲ့ထိုအသံက စေခိုင်းမှုတွေ တစ်ချို့တစ်ဝက်ပါဝင်နေတယ်။အသံပိုင်ရှင်က ဘယ်သူလဲဆိုတာ တွေးကြည့်စရာတောင်မလိုတဲ့ အနေထားမှာ၊ ဆောင်းဟွန်းကတော့ လျစ်လျူရှူလိုက်ပြီး သူ့မျက်လုံးတွေကို ပိုမှိတ်ပစ်လိုက်တာပဲ။မင်္ဂလာပွဲပြီးတည်းက အဲ့ဒီလူနဲ့ သူမျက်နှာချင်းဆိုင်ချင်တဲ့ စိတ်မရှိဘူး။

ဟာသတစ်ခုလိုပဲ၊ လွန်ခဲ့တဲ့လကထိ သူဘဝကတော်တော်အေးချမ်းနေခဲ့တယ်။ လစာကောင်းတဲ့ ကုမ္မဏီတစ်ခုမှာ အလုပ်ဝင်လုပ်ရင်း သူ့ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းနေဖြစ်တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်ပတ်လောက်မှာပဲ လက်ထပ်ရမယ်ဆိုပြီး အီသန်လီဆိုတဲ့ မုန်တိုင်းတစ်ခုက သူ့ဘဝတစ်ခုကို ဗြောင်းဆန်အောင် အခုချိန်ထိမွှေနှောက်နေတာပဲ။

စောစောစီးစီးဆုံးသွားတဲ့ ဖေဖေနဲ့ မေမေကြောင့် ဦးလေးတို့မိသားစုနဲ့ ကပ်နေရတဲ့သူက ဒီမင်္ဂလာပွဲကို ငြင်းဆန်နိုင်စွမ်းအင်အားမရှိခဲ့ဘူး။ တစ်ဖက်လူက အီသန်လီဖြစ်နေတဲ့အပြင်၊ တောင်ကိုရီးယားရဲ့ အသိုင်းကြီးဝိုင်းကြီးတစ်ခုဖြစ်တဲ့လီအိမ်တော်ရဲ့ မိသားစုဝင်တစ်ယောက်လည်း ဟုတ်တာမို့၊ အဆုံးသတ်ရလဒ်က ပြောနေစရာတောင်လိုအုံးတော့မလား။

မီဒီယာတွေအထိ ပိတ်ပင်ထားတဲ့ မင်္ဂလာပွဲဟာ စီးပွားရေးလောကမှာတော့ ပွက်လောရိုက်ကုန်တယ်။ လုပ်ငန်းရှင်တွေတော်တော်များများက ဒီမင်္ဂလာပွဲအပေါ်မှာ စိတ်ဝင်စားမှုတွေပုံအပ်ထားကြပေမဲ့ ကြေကွဲစရာကောင်းစွာပဲ၊ အဖိတ်ခံရသူ ဘယ်သူမှမရှိဘူး။ ဒါကပဲ လူတွေရဲ့ အာရုံကို အဆုံးထိဖမ်းစားနိုင်ခဲ့တာပေါ့။

လျှိုဝှက်လွန်းတဲ့ မင်္ဂလာပွဲ။ အခမ်းနားဆုံး မင်္ဂလာပွဲ။ပြီးတော့ စေ့စပ်လမ်းကြောင်းတိုင်းမှာ ငြင်းခဲ့တဲ့ အီသန်လီရဲ့ အသည်းနှလုံးကိုသိမ်းပိုက်နိုင်ခဲ့တာ တကယ်ပဲ ဘယ်သူလဲတဲ့။ ဒီတလော အင်တာနက်ပေါ်မှာ Hot searchဖြစ်နေတဲ့ အကြောင်းရာတွေ။

ဒါပေမဲ့လည်း ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ရဲ့ မင်္ဂလာပွဲက အင်တာနက်ပေါ်က လူတိုင်းထင်ကြေးပေးနေကြသလို သိပ်ကြီးကျယ် ခမ်းနားနေခဲ့တာတော့ မဟုတ်ခဲ့ဘူး။ အမေရိကထိ မင်္ဂလာပွဲလုပ်လိုက်ရတာကလွဲရင်၊ ဘုရားကျောင်းငယ်တစ်ခုမှာပဲ သတို့သားနှစ်ဦးနဲ့ အသိသက်သေနှစ်ယောက်၊ အဲ့ထဲကတစ်ယောက်ကတော့ ယန်းဂျောင်ဝန်းပဲပေါ့။ ဒီလိုမျိုး လူနည်းစု၊ ဖာသာရဲ့ချီးမြှောက်မှုနဲ့ပဲ ရိုးရှင်းစွာပြီးဆုံးသွားတဲ့ မင်္ဂလာပွဲတစ်ခုသာသာပဲ။ ပိုက်ဆံတွေ လေလိုပေါနေတဲ့သူက ဒီနေရာမှာတော့ နည်းနည်းလေးတောင်မှ မဖြုန်းတီးချင်တဲ့ပုံပဲ။ မဟုတ်ရင် သူက အဲ့လောက်ထိ အရေးပါမနေတာမျိုးလည်း ဖြစ်နိုင်တယ်။

𝐉𝐮𝐬𝐭 𝐀 𝐋𝐢𝐭𝐭𝐥𝐞 𝐁𝐢𝐭 ; 𝐇𝐄𝐄𝐇𝐎𝐎𝐍Where stories live. Discover now