난 아플수록 ...
널 원해 .ကိုယ်နာကျင်ရလေလေ ...
မင်းကို ပိုတပ်မက်လာမိလေပဲ ။Enhypen | Fever
♡♡♡
"ကျွန်တော်တွေ့ဖူးတဲ့ လူတွေထဲမှာ ခင်ဗျားကအဆိုးရွားဆုံးပဲ အီသန်လီ!"လှပတဲ့နှုတ်ခမ်းလေးက ထွက်လာတဲ့စကားလုံး တွေကမချိုသာနေပေမဲ့ အီသန်ကတော့ ပြုံးနေဆဲပဲ။လက်ကလည်း ကော်ဖီခွက်ကိုအမွှေမပျက်ဘူး။
"တကယ်ပြောတာ အဆိုးရွားဆုံး အဆိုးတကာ့အဆိုးဆုံး ကမ္ဘာပေါ်မှာရှိတောင်မရှိသင့်တဲ့ အဆိုးဆုံး!!"
ကျိန်ဆဲချင်နေပေမဲ့ အဆိုးဆုံးဆိုတာကလွဲရင် ထပ်ပြောစရာမသိတော့တဲ့ ကောင်ငယ်လေးက ကြောက်ပေါက်စလေးမာန်ဖီနေသလို။ဒေါသကြီးနေပေမဲ့ အင်အားမရှိဘူး။ပြီးတော့အသည်းယားစရာကောင်းနေပြန်ရော။
အတွေးတွေကြောင့် အီသန်ရဲ့နှုတ်ခမ်းတွေက ပြုံးယောင်သန်းသွားတယ်။
"ဟုတ်လား ဒါဆိုရင် ဟွန်းနီးကကမ္ဘာ့အဆိုးဆုံးလူနဲ့အတူနေရတော့မှာပဲ"
*ဒုန်း*
"ကျွန်တော်သဘောမတူဘူးလို့ ပြောထားပြီးသားလေ!!"
ဒေါသတွေပေါက်ကွဲထွက်လာတဲ့ ကောင်လေးက ဆက်ခနဲ မတ်တပ်ပြီး ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့လက်သီးဆုပ်နဲ့ ခုံကိုအားပြင်းတကြီးနဲ့လာထုတယ်။ ဒါပေမဲ့ ကော်ဖီတစ်ဆိုင်လုံးကို အီသန်က ငှါးထားတာမို့ သူတို့ဝိုင်းကိုလှည့်ကြည့်လာမဲ့သူတော့ရှိမနေဘူး။ တစ်ဆိုင်လုံးမှာ စိတ်တိုင်းကျပေါက်ကွဲနေတဲ့ဆောင်းဟွန်းရယ်နဲ့၊ နီရဲသွားတဲ့လက်တစ်စုံကို ကြည့်ရင်းမျက်မှောင်ကြုတ်လာတဲ့ အီသန်၊ တကယ်ကို့သူတို့နှစ်ယောက်တည်း။
"အသုံးမဝင်ဘူး"
"ကျွန်တော်တို့နှစ်ယောက်လုံးက ယောက်ျားလေးတွေလေ! ပြီးတော့ ကျွန်တော်အကြောင်းကိုလည်းသိရက်နဲ့..အရင်ကကျွန်တော်တို့ရဲ့ ခင်မင်ခဲ့တဲ့ဆက်ဆံရေးကိုမှမထောက် ခင်ဗျားဗျာ!"
ဆောင်းဟွန်းရဲ့စကားက နည်းနည်းလေးမှအရာမရောက်တဲ့ဟန်၊ အီသန်က စောနက ကော်ဖီတွေကို စိမ်ပြေနပြေထိုင်သောက်ပြတယ်။
YOU ARE READING
𝐉𝐮𝐬𝐭 𝐀 𝐋𝐢𝐭𝐭𝐥𝐞 𝐁𝐢𝐭 ; 𝐇𝐄𝐄𝐇𝐎𝐎𝐍
Hayran Kurgu#Just_a_Little_Bit #Heehoon #Written_in_Burmese #Unicode_only Start - 17.8.2022