Bible wichapas sumettikul က bui ဘ၀ရဲ့ ၉၉%နှုန်းသောပြသာနာပဲ
သူနဲ့သာသူငယ်ချင်းမဖြစ်ခဲ့ရင် သူနဲ့သာအပေါင်းအသင်းမလုပ်ခဲ့ရင်
ဒီလိုထူးဆန်းတဲ့ခံစားချက်တွေလဲဖြစ်လာမှာမဟုတ်ဘူးBibleကဆိုးလဲအရမ်းဆိုးတယ် သူများတွေအပေါ်တော့မသိပေမယ့်bui အပေါ်တော့ဆိုးသည်။ bui ကငယ်ငယ်ကကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ရပြီး ကျောင်း ၂နှစ်နားဖူးသည်။ အဲ့တာကြောင့်အတန်းတူပေမယ့် Bibleထက် bui က၂နှစ်နီးပါးကြီးသည်။ အဲ့တာကိုလဲ P' တက်မခေါ်ဘူးလေ ။ ဘာလို့လဲမေးတော့ Nong မဖြစ်ချင်လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုထဲနဲ့ပင်ပြီးသွားရသည်။
တစ်ခါတစ်လေ စာရှင်းပြရာတွင်လဲ ရပြီးသားဟာတွေကိုတမင်ဂျစ်ပြီး ထပ်ခါထပ်ခါရှင်းပြခိုင်းတာ bui သိသည်။ မသိပဲရှိမလား ဒီလောက်
ညဏ်ကောင်းတဲ့လူက ရိုးရိုးပုစ္ဆာလေးကိုတောင်နားမလည်ဘူးဆိုတာလုံး၀မှမဖြစ်နိုင်တာ ဒါပေမယ့် ထူးထူးဆန်းဆန်းသူ့ကိုဆိုဘယ်တော့မှစိတ်မခုမိ ပဲဘယ်နှစ်ခါမေးမေးရှင်းပြစမြဲ။ခုလဲငရှုပ်ကောင်က bui ကိုအချစ်တဲ့
Buiစိတ်ဆိုးသည်။စိတ်ဆိိုးတာထက် စိတ်ကောက်တာလို့ပဲပြောရမလား။သူကလေ
သူကအဲ့တာနာမ်စားကို လူတိုင်းကိုလိုက်ခေါ်တာ
သူကြောင်နေတဲ့မိန်းကလေး တွေကိုရော
သူလိုချင်တာတစ်ခုခုရှိတဲ့လူတွေကိုရော
အဲ့လိုလိုက်ခေါ်တက်သည်။
သူ့အတွက်သာမာန်အသုံးအနှုံးတစ်ခုပဲ
Buiမကြိုက်ပါ ။
buiကသူ့အတွက်သာမာန်လူမဖြစ်ချင်ဘူး။
သာမာန်သူငယ်ချင်းလဲမဖြစ်ချင်ဘူး။
လောဘတက်တယ်ပဲဆိုဆို သူများထက်
နည်းနည်းလေးတော့ပိုအရေးပါချင်တယ်လေဆက်ပြီးအဲ့လိုခေါ်တာမကြိုက်ဘူးငြင်းနေလဲ
အဲ့ငတုံးကောင်က အရိပ်အခြေမသိပဲဇွတ်မေးနေမှာဆိုးလိို့ စာသာငုံ့ကြည့်နေချင်ယောင်ဆောင်လိုက်ရသည်။ထူးဆန်းလိုက်တာခံစားချက်ကြီးက
'Bui ငါ့ကိုစိတ်မဆိုးနဲ့တော့နော် ညနေကျရင်ငါ guideတန်းကို၀က်သားအချိုချက်၀ယ်လာခဲ့မယ်'
စာသင်နေရင်းတန်းလန်းဆရာမ မသိအောင်bibleကbuiလက်ထဲထိုးထည့်ပေး
သည့်စာရွက်လေးကိုဖွင့်ကြည့်လိုက်တော့
ထိုသို့ရေးထားသည်။
buiလဲစိတ်ကြာကြာမကောက်နိုင်ပါ။
လှစ်ခနဲပြုံးပြပြီး ခေါင်းတ
ဆက်ဆက်ငြိမ့်လိုက်သည်။
YOU ARE READING
ဗြူဂျကာပန်နဲ့ပတ်သတ်ပြီး ငါ့စိတ်တွေကအရမ်းထူးဆန်းနေတယ် (Completed)