"bui မောင့်ကိုနမ်းပါလား"
Buiကနေရခက်သွားသလိုမျက်နှာလေးနဲ့"ငါရှက်တယ်"
"ဟာ bui ပဲမောင့်ကိုချစ်တယ်ဆို မောင်ကလဲ buiကိုချစ်တယ်လေ အဲ့တာဆိုမောင်တို့၂ယောက်ကချစ်သူတွေဖြစ်နေပြီမဟုတ်ဘူးလား ဘာတွေရှက်နေသေးတာလဲ"
"အဲ့တာတော့အဲ့တာပေါ့ကွာဒါပေမယ့် ငါလဲ"
buiပြောလို့မဆုံးခင် သူ့ခါးသေးသေးလေးတွေကိုဆွဲပြီး ဆူထွက်နေတဲ့နှုတ်ခမ်းရဲရဲလေးကိုငါမထိန်းနိုင်ပဲ ဆွဲနမ်းမိလိုက်တယ်
အချိန်အတော်အကြာခပ်ကြောင်ကြောင်ဖြစ်နေပြီးတော့မှ ပြန်တုံ့ပြန်လာတယ်ငါအသည်းယားလွန်းလို့သူ့အောက်နှုတ်ခမ်းလေးကိုဖိကိုက်ပြီး ခါးကိုပိုတိုးဖက်လိုက်တယ် သူ့ခါးလေးကငါ့လက်တစ်ဖ၀ါးစာသာသာပဲရှိတာ
သူကတော့ အ့ ဆိုတဲ့အသံလေးနဲ့ ငါ့လည်ပင်းကိုထိန်းကိုင်လာတယ်
အူယားလွန်းလို့ဆွဲဆက်လုပ်ပစ်ချင်လာပြီတကယ်ပြောတာ စာကြည့်တိုက်သာမဟုတ်ရင် ငါသူ့အ၀တ်တွေချွတ်ပြီးနေလောက်ပြီ
ရည်းစားဖြစ်တာမှ ၁၀မိနစ်ကျော်ကျော်ရှိသေးငါ့အတွေးတွေကတော်တော်ညစ်ညမ်းနေတာပဲခနနေတော့ လက်ကလေးတွေကပုခုံးကိုတွန်းလာပြီမို့လို့သူအသက်ရှူကြပ်နေပြီဆိုတာငါချက်ချင်းသိလိုက်တယ်
အဲ့တာကြောင့်မလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ပေးလိုက်ရတာ----------
"ဟာ P' အရမ်းလန်းတယ်ဗျာ ကျွန်တော်ဆို မျက်လုံးချင်းတောင်မဆုံရဲဘူး "
Ta ကအာပေါင်အာရင်းသန်သန်နဲ့ပြောတော့သူဟက်ကနဲရီချမိတယ်
မင်းမသိလို့ပါကွာ ခုသူမီးဖိုချောင်ထဲ၀င်တုန်းမို့လို့ပြောရဲတာ ကျန်တဲ့ချိန်ဆိုငါနားရွက်ပြတ်နေလောက်ပြီ"အဲ့တာဆိုအဲ့ထူးဆန်းတဲ့ခံစားချက်က အချစ်ပေါ့နော် "
Taကတစ်ကယ်ကိုစိတ်၀င်စားနေတာ ငါ့ညီလေး တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်နေလို့ ဘာများလဲအောက်မေ့တယ် ငါတက္ကသိုလ်ကျောင်းသားဘ၀ တုန်းကအဖြစ်နဲ့တစ်ပုံစံထဲတူနေလို့ စမြုံပြန်နေတာပင်။
YOU ARE READING
ဗြူဂျကာပန်နဲ့ပတ်သတ်ပြီး ငါ့စိတ်တွေကအရမ်းထူးဆန်းနေတယ် (Completed)