PJM ♡

370 31 5
                                    

 
[Unicode]          

                Something in your eyes

          Park Jimin × Kim Haewon [OC]

                           ..............


"လက်ထက်ပွဲ ပြီး​မြောက်ပြီဖြစ်၍ အနမ်းများဖလှယ်ပေးနိုင်ပါပြီ..."


ပွဲစီစဥ်သူ ၏စကားအဆုံးမှာ ​နွေးကနဲ ဖြစ်သွားရတဲ့ သူမပါးပြင်။
ခပ်အိအိ နှုတ်ခမ်းသား​တွေ က သူမပါးမို့မို့ ကို လာ​ရောက် ထိကပ်​တော့ သူ့မ နှလုံးသား​တွေ အရှိန်ပြင်းစွာ လှုတ်ခတ်လို့.....

မင်္ဂလာပွဲပြီး​တော့ ပွဲလာသည့် ဧည်သည့်အများအပြားအား  လိုက်လံ နှုတ်ဆက်​နေရသည်က  နာရီဝက်ခန့်ပင်ရှိ​တော့မည်။ နိုင်ငံ၏ ဒိတ်ဒိတ်ကြဲ  ​မော်ဒလ် ဖြစ်သူ တစ်ဦး၏ မင်္ဂလာ ပွဲမှာ မစည်ကား ဘူးဆိုလျှင် တစ်ခုခု​တော့မှား​နေလိမ့်မည်။

နှစ်ဖက်လုံးက အသိုင်းဝိုင်းကြီးကမို့
လူကြီးလူ​ကောင်း ဧည့်သည်​တွေက ဒုနဲ့​ဒေးပင်။ ထိုလူကြီး​တွေထဲ သူတို့သမီး​တွေက​တော့ သတို့သမီး မိန်းက​လေးကို အမြင်ကြည်မည်မဟုတ်။

သူမ က ​မော်ဒယ်လ် ပတ်ဂျီမင်း နှင့် လက်ထက်ရသူ မဟုတ်ပါလား။
မနာလို သဝန်တိုမှု​တွေအား သူမ​သေ​ချာ​ပေါက် လက်ထက်ပွဲ မတိုင်ခင်ကတည်းက ခံစား​နေရပါသည်။

ဂျီမင်းက ​​တော့ အလုပ်ပြီးရင်း အလုပ် သမား မို့ ဒါ​တွေသိမည်မဟုတ်။

                          ............


အ​ပေါ်ဆွဲတယ် ဒီသတင်း...
​အောက်ကို ဆွဲချကာ မျက်လုံး​တွေကစားကာကြည့်တော့လည်း  ဒီသတင်း...။
သူမ ​တွေ့သည့် သတင်း link  တစ်ခု ၏ ကွန်မန့် box ထဲ ဝင်လိုက်​တော့

*နှ​မြောလိုက်တာ...ငါတို့ ဂျီ​လေး..*

*လိုက်ဖက်ပါတယ်...နှစ်ဦးသားက*

*ငါတို့ ဂျီ့ ကို ပိုက်ဆံနဲ့ သိမ်းတဲ့ မိန်းမ*

*ပိုက်ဆံ မျက်နှာ...ပိုက်ဆံမျက်နှာ..*

ဆိုးရွာလွန်းသည့် ကွန်မန့်​တွေကို သူမ ထပ်မ​တွေ့ချင်​တော့တာ​ကြောင့် ထို link  မှ အမြန်ဆုံး ထွက်ခဲ့လိုက်ပြီး ဖုန်းပိတ်ထားလိုက်​တော့သည်။ သူမ ​တွေ့ရတာက​တော့ ချီးမွမ်းသည်က တစ်ခွန်း ကဲ့ရဲ့သည်က အခွန်း တစ်ရာ ​လောက်ပင် ရှိလိမ့်မည်။

Pretty Little MemoriesWhere stories live. Discover now