~~민~~

121 7 2
                                    

Unicode

အေးမြမူကိုဖော်ကြူးရာတွင် အရှင့်ကိုသာမြင်မိပါသည်။

ကြည်လင်နေတဲ့ရေကန်ကိုတွေ့လျှင်လည်း အရှင့်မျက်နှာကိုသာမြင်ယောင်မိပြန်ပါသည်။

တည်ကြည်ခန့်ညားမူကို ပုံဖော်ပြပါဆိုရင်လဲ ရင်ထဲကအရှင့်ကိုသာပုံဖော်ညွှန်ပြမိနေပြန်ပါသည်။

သင်အကြိုက်ဆုံးပန်းတွေ‌ထဲကမှာ သင်အနှစ်သက်ဆုံးပန်းတစ်မျိုးကိုဖော်ပြပါဆိုရင် အရှင့်လက်နဲ့ထိတွေ့လိုက်တဲ့ပန်းဖြစ်နေပေလိမ့်မည်လို့ ဖြေဆိုမိခဲ့ပြန်သည်။

လောကကြီးမှာမင်းတွက်မရှိမဖြစ်ကဘာလဲဆိုရင် ကျွန်ုပ်ကိုမွေးဖွားပေးတဲ့မိဘနှစ်ပါးပြီးရင် အရှင်လိုဖြေမိလိုက်ပြန်ပါသည်။

အဲဒါဆို သင်ပြောနေတဲ့အရှင်ကို သင်ချစ်နိုင်လားတဲ့ ဘယ်လိုများမေးလိုက်တာပါလိမ့် ချစ်နိုင်လားဆို အင်း ချစ်နိုင်တယ် အဲ့ဒီထက်လည်းပိုနိုင်တယ် အဲ့လိုပြောရင်သင်တို့ယုံနိုင်ရဲ့လားးး

ကျွန်ုပ်အမေးကိုတော့သူတို့ပြန်မဖြေဘူးအရှင် သူတို့ပြန်မဖြေနိုင်တာလဲအမှားတော့လည်းမဟုတ်ဘူးလေ

"လမင်းရဲ့အရိပ်‌အောက်နေရတော့ ညဘက်ရောက်ရင်အေးချမ်းနေရောနော် "

"ဟုတ်လား ကျွန်ုပ်ကတော့ နေ့ဘက်လည်းအေးချမ်းနေတယ်ရော"

"ဟ ဟုတ်ပါ့မလား"

"ဟုတ်တာပေါ့"

"ဒါဖြင့်ဆိုပါအုံး"

"အွန်း ကျွန်ုပ်မှာက ချစ်ရတဲ့အရှင်ရှိတယ်လေ အေးမျှတဲ့ လမင်းကြီးမပေါ်လာခင်အချိန်ထိလည်း ကျုပ်ရဲ့အရှင်က ကျုပ်ကိုအေးမြအောင်လုပ်ဆောင်နိုင်တယ်လေ လမင်းကြီးပေါ်လာပြန်တော့လည်း အရှင်ရဲ့အရိပ်ကပေးတဲ့အေးမြမူကလျော့မသွားပြန်ဘူးလေ "

"အဲဒီလောက်တောင်"

အဲဒီလောက်တောင်လားမေးရင် အဲဒီထက်တောင်ပိုသေးတယ်လို့ ကျုပ်ကပြန်ပြောရင်ရော‌ယုံနိုင်ရဲ့လား

ချစ်ရတဲ့အရှင်မှာက ကြည်လင်တဲ့ မျက်နှာ ၊တောက်ပတဲ့အပြုံး ၊နူးညံ့တဲ့ စိတ်သဘောထား ၊တည်ကြည်တဲ့ရုပ်ရည် ၊ ပြည့်ဝတဲ့ စိတ်ထား ၊ဖြောင့်မတ်တဲ့ နှလုံးသား ...တို့နဲ့ပြည့်နှက်နေတဲ့အရှင့်ကိုကျွန်ုပ်က သူတို့တွေကိုမချပြထားမိတော့ ယုံဖို့ခက်နေမယ်ထင်တယ် ‌ချစ်တာထက်ပိုနိုင်တဲ့ဆိုတဲ့စကားကိုလည်း မယုံဘူးထင်ပါရဲ့ သူတို့မယုံတာက ကိစ္စတော့မရှိပါဘူးအရှင် အရှင့်ကိုတော့သူတို့ကိုမချပြနိုင်ဘူးလေ ကျွန်ုပ်တောင်အရှင့်ကိုပြန်ပေးဆွဲလာရသည်မဟုတ်ပါလား ရင်ထဲကချစ်ရပါသော‌အရှင်...

You've reached the end of published parts.

⏰ Last updated: Sep 03, 2022 ⏰

Add this story to your Library to get notified about new parts!

~~민~~ Short StoryWhere stories live. Discover now