Episode 22 : Welcome Home

1.2K 39 3
                                    

Unicode

6:00နာရီဆိုသည်နှင့်ထမြည်လာ‌သောAlarmကြောင့်  ကယ်ဗင် အိပ်နေရာမှ လန့်နိုးလာရသည်။ ဘေးမှ နှစ်ခြိုက်စွာအိပ်ပျော်နေသော ချစ်သူလေးကိုပါမနိုးစေရန် Alarmသံကိုပိတ်ကာ တစ်ခါနိုးပြီးလျှင် ထပ်အိပ်မရတော့သော အကျင့်ကြောင့် အိပ်ယာပေါ်မှ ထလိုက်ကာ ရေချိုးပြီး မလုပ်ရသေးသော အလုပ်ကိစ္စများလုပ်ရန် အစီအစဉ်ချရလေသည်။

ရေချိုးခေါင်းလျှော်ကာ ‌ရေစိုနေ၍ရေစက်များတွဲလဲတင်ရှိနေသော ဆံပင်ကိုမသုတ်အားသေးပဲ ပန်းရုံနိုးလာသည်နှင့် အဆင်သင့်စားသောက်နိုင်ရန် မီးဖိုချောင်ထဲသို့၀င်၍ မနက်စာပြင်ဆင်ပေးရသည်။ ကယ်ဗင့်၏အရင်ကနေ့စဉ်နေထိုင်မှုဘ၀က အလွန်ပျင်းစရာကောင်းလှသည်။

ရုံးသွားမယ်မနက်စာနဲ့ည‌နေစာကို ရုံးရဲ့ cafeteriaကနေ၀ယ်စားမယ် ပြန်လာမယ်   ညစာကိုDeliveryမှာရင်မှာမယ် မမှာချင်ဘဲ ကိုယ်တိုင်ချက်စားချင်စိတ်ရှိသည့်နေ့ဆိုသူချက်စားလိမ့်မည်။ သူ့အတွက်ညစာကိုချက်ကျွေးမဲ့သူမရှိသလို သူကညစာပြင်ပေးရမဲ့လူဆိုတာလဲမရှိပါ။ တစ်ခါတစ်လေဆိုညစာတောင်မစားဖြစ်ပဲ ရေခဲသေတ္တာထဲမှာတွေ့သည့် သစ်သီးပဲဖြစ်ဖြစ် ဖျော်ရည်ပဲ‌ဖြစ်ဖြစ်ယူကာ ဗိုက်ဖြည့်ရသည်။

အခုတော့သူ့အတွက်စိတ်ပူပေးကာ ထမင်းဘူးထည့်လာပေးမဲ့လူရှိနေသည်မို့ ကယ်ဗင့်၏ပျင်းစရာကမ္ဘာကြီးဟာ ပန်းရုံကြောင့်အရောင်အသွေးစုံလင်စွာဖြင့်ပြန်လည်အသက်၀င်လာသလို။

ကယ်ဗင် Pancakes‌တွေထည့်ထား‌သောပန်းကန်ကို စားပွဲပေါ်ချနေတုန်း ရေချိုးခန်းထဲမှ ရေကျသံကိုကြားလိုက်ရသောကြောင့် ပန်းရုံနိုးနေပြီဆိုတာကိုသိလိုက်ရသည်။ထို့ကြောင့်လုပ်လက်စ မီးဖိုချောင်အလုပ်များကို လက်စသတ်ရန် အမြန်လှုပ်ရှားနေတုန်း ခါးကိုဖက်တွယ်လာသော နူးညံ့သည့်အထိအတွေ့လေးကြောင့် ရင်ခုန်နှုန်းတွေကမြင့်တက်လာရသည်။

“နိုးတာကြာပြီလား မောင်"

“အင်း ၆နာရီလောက်ကမှနိုးတာပါ ရုံ ထိုင်လေ မနက်စာစားရအောင်"

ပန်းရုံက သူ့စကားကိုမတုံ့ပြန်ပဲ သူ၏ရေစိုနေသောဆံပင်များကိုလက်ဖြင့်ကိုင်ကာ
“မောင် ဆံပင်အခြောက်မခံဘူးလား ဖျားမယ်နော်"

Red Tulips: Where my love beginsWhere stories live. Discover now