Uni
စိမ်းသက်တဲ့ခံစားမှုတွေ ဝင်ရောက်လာချိန်က
မြန်ဆန်လွန်းနေသည်။ မြင်ခဲ့ရတဲ့ ပုံရိပ်က
မျက်လုံးထဲကနေ ထွက်မသွားခဲ့...။မျက်လုံးတွေ
မှိတ်ချိန်တောင် မြင်နေခဲ့ရသည်။နမ်းနေတဲ့ပုံရိပ်တွေက ကိုယ်ပွားဆင့်လို့ ထပ်ကာထပ်ကာ
ပေါ်ထွက်လာခဲ့သည်။နာကျင်နေတာလားဆိုတဲ့
စိမ်းသက်တဲ့ခံစားမှုက ရေရေရာရာမသိ။"ကျေနပ်နေတဲ့ပုံစံနဲ့ "
မကျေနပ်ချက်တွေထွက်ပေါ်လာတဲ့ 'မို့'။
နေ့ခင်းကမြင်လိုက်ရတဲ့ မြင်ကွင်းက သူမအတွက်
စိမ်းသက်နေတာထက် နမ်းနေသူကလူကြီးဖြစ်နေတာ
ကြောင့် စိတ်ကနေမကောင်းတော့သလိုခံစားနေရသည်။နေမကောင်းလို့စောပြန်သွားပြီလို့ ပြောခဲ့တဲ့
စာလေးတစ်စောင်နဲ့သာ 'မို့'နှုတ်ဆက်ခဲ့သည်။
အခုချိန်ထိတောင် ဖုန်းလေးတစ်ချက်တောင်မဆက်သလို
အရိပ်အယောင်တောင်မတွေ့ရ...။နေမကောင်းဘူးလို့စာထဲမှာ ရေးထားခဲ့တာပဲမဟုတ်လား။
လူကိုအရေးမစိုက်နေတာလား...။နေမကောင်းတဲ့
ခံစားချက်လေးက ပိုလို့တောင်နေမကောင်းဖြစ်လာခဲ့သည်။ဘေးမှာချထားတဲ့ဖုန်းလေးဆီက အဝင်ကောလ်လေး
တစ်ခုတောင်မတွေ့ရ...။တစ်ချိန်လုံးစောင့်ကြည့်နေတဲ့
ဖုန်းလေးတောင် အထီးကျန်ချင်လာသည်။လိုအပ်ချိန်ဖုန်းဆက်ခေါ်ရင် အဆင်ပြေရအောင်ဆိုပြီး
'မို့'ကိုဖုန်းတစ်လုံးဝယ်ပေးခဲ့သည်။လူကြီးနဲ့ဆင်တူလို့
ပြောလို့ရသည်။လူကြီးက အမည်းရောင်ဖုန်းလေးဆို
'မို့'ဆီကအဖြူရောင်ဖုန်းလေးပေါ့...။ညရောက်နေပြီမို့ အိပ်ချိန်တောင်ကျော်လွန်တော့မည်။
မျှော်နေတဲ့ ဖုန်းလေးကတော့ စခရင်ထက်ပေါ်မလာခဲ့...။
မျှော်နေရသူမောလို့ဖြစ်မည်။ သူမရဲ့မျက်လုံးတွေမှေးဆင်းလို့ အိပ်စက်မှုဆီ ခြေချရတော့သည်။ရှုပ်ထွေးနေတဲ့စိတ်က အနိုင်ယူနေပြန်သည်။
စိတ်ရှုပ်ရှုပ်နဲ့ စည်းထားတဲ့ဆံပင်တွေကို ခေါက်တင်ကာ
အနက်ရောင်ဆံညှပ်နဲ့ တွယ်ညှပ်ထားလိုက်သည်။
YOU ARE READING
Cloverလေးရဲ့Sunflower
Romanceတွေ့ဆုံမှု မှာကံကြမ္မာကြောင့်ဆို ကံကြမ္မာကိုပဲ ကျေးဇူးတင်မှာပေါ့ ခွဲခွာခြင်းက ကံကြမ္မာကြောင့်ဆို သေချာတယ် ကံကြမ္မာဆိုတာကို ဒေါသထွက်နေမိတော့မှာပါပဲ #GL #Bromance #LoveGirl