Part-16🍀

99 12 0
                                    

Uni

မှောင်နေတဲ့အခန်းထဲက အငွေ့အသက်ဆီကတိတ်ဆိတ်မှု..။
အခန်းထဲရောက်နေချိန်တောင် ဘာအသံမှမကြားရ။
ရုတ်တရက် ငိုပြီးဖုန်းဆက်လာတဲ့သူက လွှာရိပ်ရောင်။
ငိုသံတွေကို အဖော်ပြုလို့ မထုတ်ဖော်ပြတတ်တဲ့
လွှာရိပ်ဆိုတဲ့ သူငယ်ချင်းကဘယ်လောက်တောင်
ပင်ပန်းနေမလည်း။

တစ်ယောက်ထဲသာ အမှန်..တစ်ယောက်တည်းသာ
ခံစားမှုကိုရင်ဆိုင်နိုင်တယ်ဆိုတဲ့သူက အခုတော့
ပြိုလဲနေတဲ့သူတစ်ယောက်လို အသံတွေကတုန်ရီနေသည်။

အန်တီဆုံးပါးသွားချိန်တုန်းက ယခုလိုထက်ဆိုးသည်။
တစ်ညလုံးလည်းမအိပ်သလို အစားလည်းမစားခဲ့ပဲနေသည်။ မအိပ်တဲ့နေ့ရက်တွေကြာလာတော့ အိပ်ရာထဲမှာပဲ
လဲလျောင်းနေခဲ့ရတာ အတော်အတန်ကြာသည်။

သူပိုင်တဲ့အရာတွေ ပိုင်ဆိုင်တယ်လို့တွေးထားတဲ့
အရာတွေ ကွယ်ပျောက်သွားတိုင်း ခံစားနေတတ်သည်။

ပုံစံမတူပဲပြိုလဲနေပေမယ့် ခံစားချက်တွေကတော့
လှည့်စားမရ..။ပြင်းပြတဲ့ပြိုလဲမှုနဲ့ ထိန်းချုပ်လို့ရတဲ့ပြိုလဲမှုပဲ
ကွာမည်။ခံစားချက်ကတော့ ကွဲပြားမသွား...။

"လွှာရိပ်"

တိုးလျလျခေါ်နေမိတဲ့ အသံကို ကြားနေရင်တောင်
လွှာရိပ်ကတော့ ငြိမ်သက်စွာနေနေမယ်ဆိုတာ သိပေမယ့်
လုရီ ခေါ်နေမိသည်။

မှောင်နေတဲ့ တိုက်ခန်းကို မှောင်နေတဲ့အတိုင်းသာ ထားသင့်သည်မို့ လုရီ မီးမဖွင့်ပဲထားလိုက်ရသည်။ အမှောင်ကိုပဲ သဘောကျနေမိတာလား ခံစားချက်တွေကို တစ်ခြားသူတွေဆီ မမြင်စေချင်တာကြောင့်ပဲလား လုရီမသိတော့ပါ။

လမ်းမီးတိုင်တွေဆီက ဖြာထွက်နေတဲ့အလင်းရောင်ကိုသာ
အဖော်ပြုပြီး လွှာရိပ်အခန်းဆီ လုရီဝင်လာခဲ့လိုက်သည်။

"လွှာရိပ်"

အခန်းတံခါးကို ညှင်သာစွာဖွင့်လို့ တိုးလျစွာ ထပ်ခေါ်နေမိသည်။

အလင်းရောင်မှိန်မှိန်က လွှာရိပ်ဆီကို တည့်မတ်စွာ
လမ်းပြနေသည်။ ကုတင်ဘေးမှာထိုင်နေတဲ့ လွှာရိပ်မျက်ဝန်းတွေက လမ်းမီးတိုင်ဆီက အလင်းရောင်တွေနဲ့အတူ
တောက်ပနေသည်။

Cloverလေးရဲ့SunflowerWhere stories live. Discover now