CIIF-5

273 37 6
                                    

'Fenix Group ဥက္ကဌဖမ်းခံလိုက်ပေမဲ့
သူ့သားကပြုံးနေတယ်'

ကုမ္ပဏီရှေ့တွင်လူအုပ်ကြီးကတဖြည်းဖြည်းပိုများလာချေပြီ...အလောင်းကလူနာတင်ကားဖြင့်ခေါ်သွားပြီးနောက် ၁နာရီလောက်အကြာမှာပင် နစ်နာသူရဲ့အသိုင်းဝိုင်းကဆိုင်းဘုတ်အကြီးငယ်တွေကိုယူလာကာ လျော်ကြေးပေးဆောင်ရန် ဆန္ဒစပြတော့၏...ထိုလူတွေကိုထောက်ခံနေကြတဲ့လူအုပ်ကလည်းမနည်းမနောပေ...။

"သေပါပြီဟယ် ဒီနေ့ငါကမနေ့ကအသစ်ဖွင့်တဲ့ဆိုင်လေးမှာနေ့လည်စာစားဖို့လုပ်ထားတာ ဒီလူအုပ်နဲ့တိုးထွက်လို့ကိုရမှာမဟုတ်တော့ဘူး"

Senior အစ်မရဲ့ညည်းညူးသံက Baekhyun ကိုပင်စိတ်ညစ်သွားစေ၏...။

"Noona အဲ့သေသွားတဲ့ကောင်လေးကဒီကဝန်ထမ်းလားဟင်"

"မပြောတတ်ဘူး...သူကဝန်ထမ်းကဒ်လည်းဆွဲမထားဘူး...ဝန်ထမ်းစာရင်းမှာလည်းမရှိဘူးတဲ့ ဘယ်သူကများဝန်ထမ်းလည်းမဟုတ်ကုမ္ပဏီအမိုးပေါ်ထိတက်ပြီးခုန်ချရတာလဲမသိပါဘူး..."

"ဟေးးး ငါ့လူတို့ရေ!!!"

Senior အစ်မနဲ့စကားပြောနေစဥ် ဌာနအတွင်းသို့အပြေးတပိုင်းဝင်လာကာအော်ကြီးဟစ်ကျယ်လုပ်နေတဲ့ ဌာနမှူးကြောင့်စကားစတို့ကပျောက်သွားရ၏...

အလန့်တကြားလုပ်ပါသောထိုဌာနမှူးအား Senior အစ်မကထိုသို့မေးခွန်းထုတ်သည်။

"ဘာဖြစ်လာတာလဲ ကျားလိုက်ဆွဲလို့လား"

"မဟုတ်ဖူး သတင်းထူးပါလို့"

"ဘာလဲ?"

"ငါတို့ဥက္ကဌရဲတွေလာဖမ်း...ဖမ်း ဟဲ့!!"

ဌာနမှူးရဲ့စကားကိုပင်ဆုံးအောင်နားမထောင်ပဲ အပြေးထွက်သွားသောစီနီယာအစ်မနောက်သို့အပေါင်းသင်းတသိုက်ကလည်းအပြေးလိုက်သွားသည်မို့ Baekhyun ပါ ဂယောင်ခြောက်ခြားဖြင့်လိုက်ရတော့၏။

ဓာတ်လှေခါးဖြင့်စုပြုံကာ အလွှာ၆၀ ကျော်ကိုကျော်ဖြတ်လာခဲ့ပြီးနောက် ရုတ်ရုတ်သဲသဲဖြစ်နေသော ပထမဆုံးအလွှာသို့ရောက်လာခဲ့ပေသည်။

𝐂𝐥𝐮𝐞𝐬 𝐈𝐬 𝐈𝐧 𝐅𝐥𝐨𝐰𝐞𝐫 Where stories live. Discover now