CIIF-8

248 40 59
                                    

"ရှုပ်နေတာမဟုတ်ဘူး ကျွန်တော်ကသူ့ကိုသဘောကျတာ"


KyungSoo မနေ့က Baekhyun ပြောခဲ့တဲ့စကားများနဲ့ Chanyeol ပြောခဲ့သည့်စကားများအပေါ်မတင်တကျဖြစ်နေဆဲ...သူ့ထံတွင်သတိမေ့တတ်တဲ့ရောဂါလည်းမရှိပါပဲ Baekhyun ပြောသွားတဲ့စကားများကိုဘာလို့သူကတစ်ခါမှမကြားဖူးသလိုဖြစ်နေရပါသည်လဲ...

အတွေးတို့လည်နေစဥ် မီးဖိုပေါ်တင်ထားတဲ့ကင်မ်ချီဟင်းရည်အိုးကအတော်လေးပွက်ပွက်ဆူနေလေပြီ...သို့သော်ဂယောင်ဆူးသတိမထားမိ...

!Ting~~Tong! x 3

ဆက်တိုက်မြည်လာသောတံခါးBell သံနားထဲဝင်လာမှ KyungSoo အသိကပ်တော့သည်...အသိကပ်ချိန်မှာ​တေ့ဟင်းအိုးကအတော်လေးခမ်းသွားပြီမို့ မီးကိုအမြန်ပိတ်ပြီးတော့မှ တံခါးပြေးဖွင့်ရ၏။

တံခါးဖွင့်ဖွင့်ချင်းမြင်ရသည်က Baekhyun တို့ဒုCEOဖြစ်နေသည်...

"အယ် မဂ်လာပါ​ဗျ"

"ကျွန်တော့်ကောင်လေးနိုးပြီလားဗျ"

"ဗျာ?"

"Baekhyun နိုးပြီလားလို့ ကျွန်တော့ကောင်လေးလေ..."

ဒီလူဘယ်လိုတောင်ငါ့အစ်ကိုကိုပိုင်စိုးပိုင်နင်း...

"မနိုးသေးဘူးဗျ"

"အော် ဟုတ်ပြီဒါဆိုကျွန်တော်သွားနှိုးလိုက်မယ်..."

"ဟမ်...နေဦးလေ"

ပြောတာကိုပင်နားမထောင်ပဲ သူ့အိမ်သူယာလိုမှတ်ပြီးအပေါ်ထပ်တက်သွားတော့ Oh Sehun ကို KyungSoo ဘာမှဆက်ပြောချိန်ပင်မရ...စိတ်ထဲကနေတော့ဖြင့်မှတ်ချက်တစ်ခုချမိပါသည်...

တော်တော်ယဥ်ကျေးမှုမရှိဘူးပဲ...

....

မနေ့ညကအိပ်ယာဝင်တဲ့ Baekhyun တစ်ယောက် ယနေ့အတော်နဲ့အိပ်ယာမထနိုင်...ထထမြည်သောAlarmကိုပိတ်ပြီးပြန်အိပ်မိနေတာဘယ်နှခေါက်မြောက်မှန်းမသိတော့ပေ။

ထိုအချိန်အခန်းထဲသို့Sehunရောက်လာ၏... ပထမတစ်ခါအမူးသမားလေးကိုပြန်လိုက်ပို့ရထဲက အခန်းကိုသိနေခဲ့သည်မို့ ရှာစရာပင်မလို...အထဲရောက်တော့ Baekhyun ကစောင်ပုံထဲမြုပ်လျက်အိပ်မောကျနေသည်မို့ Sehun ခြေသံတိတ်တိတ်လေးနဲ့သာအနားတိုးကပ်သွားလိုက်၏။

𝐂𝐥𝐮𝐞𝐬 𝐈𝐬 𝐈𝐧 𝐅𝐥𝐨𝐰𝐞𝐫 Where stories live. Discover now