အဆုံးအစမရှိတဲ့ ပင်လယ်ပြင်လို
သူ့မျက်ဝန်းနက်လေးတွေဆီမှာ
မြတ်နိုးရီဝေသလို စူးရှရှအကြည့်တွေ ရှိတယ်...
အနားကို တိုးလာတိုင်း မလိုလားသလို
နှင်ထုတ်ခဲ့တယ်၊
နီးဖို့ ကြိုးစားတိုင်း ရှောင်ပြေးခဲ့တယ်၊
မရည်ရွယ်ခဲ့ပါဘူးလို့ ပြောပြီး မင်းကိုယ့်က်ို
နာကျဉ်အောင် လုပ်တယ်...ကိုယ် ကမ်းလင့်တဲ့ လက်တွေကို
ဖမ်းဆုပ်ဖို့ကျ မဝင့်ရဲဖြစ်ခဲ့ပြီး
ချစ်သူရည်းစားတစ်ယောက်လို မင်းကိုယ့်ကို
ပြုမူတယ်ကိုယ် မခေါ်တာနဲ့ပဲ မင်းမလာတော့ဘူးလား..??။
ချစ်ခြင်းမေတ္တာတဲ့...
ကိုယ် ခပ်တိုးတိုးပဲ ရယ်မိပါတယ်။"ကိုယ် မခွဲနိုင်ဘူး လို့ ပြောခဲ့ရင် ယုံပါ
"ကိုယ် အရမ်းလွမ်းတယ်လို့ ပြောရင် ယုံပါ
မုန်းပါတယ်လို့ ပြောခဲ့ရင်လည်း ယုံပါ
ကိုယ် ဘယ်တုန်းကမှ မင်းကို မညာခဲ့တာ
မင်း သိပါစေ..။____
"birthday Present... သဘောကျရဲ့လား"
ရှက်ဝဲဝဲ အပြုံးလေးနဲ့ အနားမှာ ခပ်တောင့်တောင့်လေး
ရပ်နေတဲ့ ဂျောင့်ကို ကြည်ကြည်နူးနူး မော့ကြည့်မိပြီး
မင်းနီး .. ခေါင်းလေး တဆတ်ဆတ်ငြှိမ့်ပြမိတယ်။"ငါက မင်းမကြိုက်မှာ စိုးနေတာ..."
"မင်း ပေးတဲ့ ဘယ်အရာကို မဆို
ငါ သဘောကျပါတယ် ဂျောင်..
မင်း မသိလို့ပါ..."တိုးသဲ့သဲ့ ပြန်ဖြေတဲ့ စကားသံလေးကို
ဂျောင် သေချာကြားချင်မှ ကြားပါလိမ့်မယ်။
ဒါပေမယ့် မင်းနီး ဂရုစိုက်မနေတော့ပဲ
ပြောလိုက်မိတယ်။"တစ်နေရာရာသွားချင်လား..?? "
"မင်းရော.."
"ဟင့်အင်း မွေးနေ့ရှင်က မင်းလေ..."
"ငါ သွားချင်တဲ့နေရာသိရရင်ရော မင်းက
လိုက်ပို့ပေးမှာ မို့လို့လား.. "ခပ်ဖျော့ဖျော့မျက်ဝန်းလေးတွေကို ဂျောင်
နားမလည်ပါ...
သို့ပေမယ့် အားငယ်သလိုမျက်ဝန်းမှိန်မှိန်လေးတွေကို
ဘာကြောင့်မှန်းမသိ မကြည့်ရက်နိုင်တာမို့..
ဆန္ဒရှိသမျှ လိုက်လျောပေးဖို့ ဆုံးဖြတ်မိတယ်။
KAMU SEDANG MEMBACA
"A PART OF ME" KM
Fanfictionမင်းချပေးခဲ့တဲ့ နယ်နမိတ်တွေထဲပဲ ငါနေခဲ့တယ်ဆိုတာ ငါ့ကိုယ်စောင့်နတ်က အသိဆုံး... ။