A part of me{2}

2.3K 241 125
                                    


'ကဗျာ' တွေကိုယ်စပ်တယ်
တစ်ရံ တစ်ခါ နာကျဉ်ရတိုင်း.......။
မင်း ကိုယ့်ကို မျက်ကွယ်ပြုတိုင်း...။

***

မနေ့က ... ဟျောင်း လာသွားပြီးထဲက.
ဂျောင်က ထယ့်အနားကို ပိုကပ်နေသလို ခံစားရတယ်
မင်းနီး ထင်နေတာပဲလည်း ဖြစ်နိုင်ပါတယ်..

စိတ်မချဘူး ဆိုပြီး
Yoongi Hyungက အပြန်ကျ
သူ ကြိုပေးမယ်လို့
မင်းနီးကို ပြောထားတယ်။

မင်းနီးက ကလေးမှ မဟုတ်တော့တာ..
အကြိုအပို့ ဂရုတစိုက်လုပ်ပေးရလောက်တဲ့
အထိတော့ မလိုတော့ပါဘူး
ဒါပေမယ့်လည်း ဟျောင်းရဲ့ စေတနာကို
စော်ကားသလို ဖြစ်မှာစိုးလို့ ငြင်းတောင် မငြင်းမိခဲ့ဘူး

အနေအေးလွန်းတဲ့.. ဟျောင်းက မင်းနီးက်ိုဆို
သိပ်ဂရုစိုက်တာကိုတော့ အမြဲလိုလို
သတိထားမိပါတယ်

သူ့မိသားစုမှာ ဟျောင်းက
တစ်ဦးတည်းသော သားမို့  မင်းနီးကိုညီငယ်လေးလ်ို
ဂရုတစိုက် လိုက်စောင့်ရှောက်ပေးတာလည်း
ဖြစ်နိုင်ပါတယ်။

ဘာလ်ို့ဆို.. ဟျောင်းမိသားစုနဲ့
မင်းနီးတို့ မိသားစုက ငယ်ငယ်လေးထဲကရယ်
သိပ်ကို ရင်းနှီးခဲ့ကြတဲ့သူတွေမဟုတ်လား
အခုထိတိုင်လည်း.... ရင်းနှီးနေဆဲပါပဲ။

ပြီးတော့ ဟျောင်းကလည်း အရင်ကလို
အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးတုန်းပဲ
မင်းနီးကသာ.....
ပြောင်းလဲသွားခဲ့တာ ။


"Jiminie sunbae nim ..
Jiminie sunbae..!!! "

"ဟင်..?? အင်."

ခပ်လောလော ခေါ်သံနဲ့အတူ အနားကို
အမောတကော ပြေးလာပြီး မင်းနီးလက်ကို
အတင်းလာဆွဲတာမို့ ကြောင်အအလေး
ဖြစ်သွားရသည်။

သေချာကြည့်လိုက်တော့...
ပထမနှစ်က ဂျူနီယာမလေး 'ချင်းဆူ့' ဖြစ်နေခဲ့၏

ဂျူနီယာမလေးရဲ့ နဖူးစပ်တွေမှာ
ချွေးစေးတွေ ပြန်နေပြီး... ဟောဟဲလိုက်နေတာမို့
ရင်ထဲမှာ ပူရပြန်သည်။

ဘာများဖြစ်ခဲ့လို့လဲဆိုပြီး...။


"ဘာလဲဟင် ချင်းဆူ့
​ကျောင်းမှာ တစ်ခုခုဖြစ်လို့လား"

"A PART OF ME" KMTempat cerita menjadi hidup. Temukan sekarang