*ညမီးလင်းရောင်အောက်က ဆိုလ်းမြို့ရဲ့အေးချမ်းဖွယ်အလှပဆုံးနေရာဟန်မြစ်ဘေးမှာ
"ထယ် ငါမင်းကိုကလပ်သွားဖို့ခေါ်တာလေ မင်းကဘာဖစ်လို့ဟန်မြစ်ကိုခေါ်လာရတာလဲ"
ဟန်မြစ်ဘေးမှာထိုင်ကာ ရှေ့မှာလည်းဆိုးဂျူပုလင်းများဖြင့် မသောက်ဘူးလားဆိုတော့လည်းသောက်နေပါတယ်။
"အသေးလေးရယ် အမြဲတမ်းကလပ်ပဲသွားပီးဆူညံကခုန်နေရတာ အခုတမျိုးလေးဖစ်အောင်အေးချမ်းတိတ်ဆိတ်တဲ့ဟန်မြစ်ဘေးမှာဆိုးဂျူလေးသောက်ပီးလှပတဲ့အရာတွေကိုခံစားကြည့်ရတာဘယ်လောက်တောင် ခံစားလို့ကောင်းလဲဟမ်......
"ဘာကိုမင်းကခံစားနေရလို့လဲ တခုခုဖစ်နေတာလားထယ်'
အင်းးးငါကပျော်နေတာလေအသေးလေးရဲ့ကိုယ်နှစ်နှစ်မျှလိုက်ခဲ့တဲ့ချစ်ရသူလေးကိုတရားဝင်ပိုင်ဆိုင်ခွင့်ရနေပီလေ ဘာလိုသေးလို့လဲ ..တခုပဲမင်းသိမှာပဲကြောက်နေရတာ
"မဟုပါဘူးကွာ ငါကဘာဖစ်ရမှာလည်း
တကယ်လို့ငါမဟုပဲ မင်းဖစ်နေရင်တောင်ခံစားလို့ကောင်းအောင်လို့ပါ။"အင်းးမင်းပြောသလိုဖစ်နေပီထယ်'
'ဘာကိုလဲ'
ကောင်းကင်ကြီးကိုတချက်မော့ကြည့်ပီး
မြေပြင်ပေါ်သို့သာလဲချလိုက်တယ်"ထယ်မင်းသိလား အဖေကအရင်လိုမျိုးငါ့ကိုမချစ်တော့ဘူးထင်တယ်'
"ဘာကြောင့်အဲ့လိုထင်ရတာလဲ"
"အရင်တုန်းကငါအပစ်တခုခုကျူးလွန်တောင်အဖေကစကားမပြောတာပဲရှိတာအော်တောင်မအော်ဖူးဘူး အခုငါကိုဆိုအဖေကလေသံမာမာနဲ့တောင်အော်ပြောနေပီ"
'ဂျီမင် မင်းအဖေတင်မဟုဘူးမင်းဘေးမှာရှိနေတဲ့သူတွေအားလုံးကမင်းကိုမချစ်ဘဲကိုမနေနိုင်တာပါကွာ အခုဟာကလည်းမင်းကိုကောင်းစေချင်လို့ဆုံးမတာပဲဖစ်မှာပါ"
"မင်းမသိပါဘူးထယ်အဖေကဟိုလူကြီးအတွက်နဲ့တောင်ငါ့ကိုအော်တာ သူနှစ်နှစ်လောက်ပစ်ထားခဲ့တာကိုမပြောပဲ ငါဆိုးတာပဲအားလုံးကအပစ်မြင်နေကြတယ် မင်းတောင်ငါ့ကိုပြောသေးတာပဲ'