*စိတ်ညစ်နေတာကြောင့် ပြိုင်ကွင်းသာသွားဖို့ဆုံးဖြတ်လိုက်တယ် ထယ်ကိုလည်းဝင်မခေါ်ချင်တော့ဘူး ဒီရက်ပိုင်းထယ်ကတခုခုဖုံးကွယ်ထားတယ်ထင်တယ် မသိတော့ပါဘူး...တယောက်ထဲပဲသွားလိုက်တော့မယ်......
ပြိုင်ကားနီနီလေးဟာလမ်းမပေါ်ဖြတ်ပြေးလျှက်.........
"ဟားးးပတ်ခ်ဂျီမင်တို့ပျောက်ချက်သားကောင်းတာအခုမှပဲပေါ်လာတော့တယ်နော်"
"ဘာလဲ မင်းကမင်းရဲ့ပြိုင်းကားလှလှလေးတွေကိုငါ့လက်ထဲအပ်ချင်နေပီထင်ပါတယ်'
"အဟွန်းးးဒီတခါတော့ Noပါ...သားကြီးရယ် "မင်းရဲ့နီတာရဲလေးသာငါ့လက်ထဲရောက်ဖို့ပြင်ထား'
"စောင့်ကြည့်ရအုံးမှာပေါ့ကွာ ပီးရင်တပွဲတလှမ်းပေါ့'
Jack ဆိုတာသူရဲ့ရန်သူတော်ကြီးပေါ့ ဒီကောင်ကပိုက်ဆံချမ်းသာလို့မာန်တတ်နေတာ ဘာမှအဖစ်ရှိတဲ့ကောင်မဟု ကိုယ့်ကိုလည်းအကြောင်းမရှိမနာလိုနေတာ ..တွေ့ကြသေးတာပေါ့မင်းနဲ့တောင်မကစားရတာကြာပီ....အဟွန်း'
"ဘာတွေသဘောကျနေတာလဲ..ဂျီမင်'
ကိုယ့်ဘာသာအတွေးထဲသဘောကျနေမိတာ ဆောင်းဝူလာမှသတိထားမိတယ်...ဒီကောင်ကတော့ကားစပြိုင်ထဲကခင်လာခဲ့တာအခုချိန်ထိပဲဆိုပါတော့....
"ဘာမှမဟုပါဘူးကွာ..ဟိုကောင်Jackလေ ငါ့ကိုလာပြိုင်နေပြန်ပီ'အမှတ်လဲမရှိဘူး'
'ဒီကောင်ကဘယ်တုန်းကအမှတ်ရှိလို့လဲ' အရင်နေ့တွေမင်းမရှိတုန်းကဆိုဒီကောင်ကဇိုးလုပ်နေတာ မင်းနည်းနည်းလောက်ရိုက်ချိုးပေးလိုက်အုံး'
'ဟက်..အေးပါ မကစားရတာကြာတော့ကစားပေးရမှာပေါ့'
ဆောင်းဝူနဲ့စကားပြောပီးခဏအကြာပြိုင်ပွဲစတော့ ပြိုင်ကွင်းထဲဝင်လိုက်တယ် ဒီနေ့မှပြိုင်ပွဲကလူပိုများနေသယောင် ..အဲ့တာလည်းကောင်းပါတယ်မင်းရဲ့မာန်ကိုလှလှပပလေးရိုက်ချိုးပေးရတာပေါ့....
1နာရီကြာပီနောက်.....
"ဟက်...ဘယ်လိုလဲ Jack မင်းကငါ့ကိုမှလာပြိုင်တာကိုး..
"တောက်!!
'ဟိုထားးးအခုမင်းလက်ထဲကပြိုင်ကားသော့ငါ့ကိုပေးပီးမှဒေါသထွက်သင့်တယ်မထင်ဘူးလား'
![](https://img.wattpad.com/cover/319870063-288-k960951.jpg)