Cha Intro

58 10 6
                                    

ပိတောက်တစ်ခက် ချစ်တစ်သက်

စချစ်တဲ့သူက မင်းဆိုပေမဲ့
ပိုချစ်တဲ့သူကကိုယ်ပါမြတ်နိုးရသူရယ်
အမြတ်တနိုးချစ်ရသူမို့အသက်တစ်မျှချစ်ရပါတယ် စေ~

#အတ္တဂုဏ်ရှိန်

ပန်းတွေကိုသဘောမကျတဲ့ကိုယ်က မင်းနဲ့စတွေ့တဲ့ဧပြီလရဲ့ရာသီပန်း ပန်းပိ‌ေတာက်တွေကိုတော့မြတ်နိုးနေမိပြီ။ပိတောက်တွေကိုသက်သေတည်ပြီးငါမင်းကိုပြောချင်တာတစ်ခုရှိတယ်။အဲ့တာက ငါမင်းကိုမြတ်နိုးတယ် ရှိန်~

#မင်းစေတမာန်ရှိုင်း

___________________________________________

အတ္တဂုဏ်ရှိန်(K)

Dragon Group CEO
စီးပွားရေးလောကတွင်နာမည်ကြီးသူဖြစ်ကာ လုပ်ငန်းများကိုလက်ညိုးထိုးမလွဲပိုင်ဆိုင်သည့် မြို့မျက်နှာဖုံးဖြစ်တယ်။ စီးပွားရေးလောကတွင် ဘုရင်တစ်ဆူဟုခေါ်ထိုက်သူဖြစ်ကာ တိကျပြတ်သားပြီး သူရဲ့စကားသည် အမိန့်
တစ်ခုဖြစ်သည်။ သူသာလျှင်ဘုရင်ဟုကြွေးကြော်ကာ သူ့အမိန့်က်ို လွန်ဆန်ခွင့်မရှိပေ။ တည်ငြိမ်ရင့်ကျက်သူတစ်ဦးဖြစ်ကာ ပျိုမေတိုင်းရဲ့ အိမ်မက်ထဲမှသူဖြစ်သည်။မိခင်ဘက်မှအမွေရသော လုပ်ငန်းပေါင်းများစွာကို ဦးစီးကာ စီးပွားရေးလုပ်ငန်းများကိုလဲ စည်းထားပြီးလုပ်ကိုင်တက်သူ။

Black Dragon Sect
မိခင်အ‌ေမွကိုလက်ခံထားသလို ဖခင်ဘက်မှအ‌ေမွကိုလဲလက်ခံထားသူဖြစ်တယ်။ မှောင်ခိုလောက၏ဘုရင်တစ်ဆူဖြစ်ကာ ဘိန်းကိုအဓိကထားလုပ်ကိုင်သည့် (Black Dragon)ဂိုဏ်းမှ ဂိုဏ်းချုပ်(K)ဖြစ်တယ်။ သွေးအေးစွာရက်စက်တက်သောလူသားတစ်ဦးဖြစ်တယ်။ စကားကိုလိုတာထက်ပိုမပြောကာ ပြောသည့်စကားတိုင်းဟာ အမိန့်များသာဖြစ်တယ်။
ရည်းစားတစ်ယောက်ကိုသုံးရက်ထက်ပ်ိုမတွဲဘဲတစ်ခါထဲအပြတ်ဖြတ်သူဖြစ်တယ်။ထပ်နွယ်လာရင်တော့ ပညာပြန်ပေးကာ ကြောက်စရာလူဆိုတာပြတက်တယ်။အသက်15နှစ်နဲ့ဂိုဏ်းထဲဝင် တာဝန်ထမ်းဆောင်ကာ 19နှစ်ဖြင့် ဂိုဏ်းတစ်ခုက်ိုအုပ်ချုပ်နိုင်သူဖြစ်တယ်။လူတွေကိုသွေးအေးအေးဖြင့်သတ်ရတာကိုသဘောကျနှစ်သက်သူဖြစ်တယ်။ သူလိုလူတစ်ယောက်က အမျိုးသားတစ်ယောက်ကိုမှမြတ်မြတ်နိုးနိုးချစ်မိသွားတဲ့အခါ....................

ပိတောက်တစ်ခက် ချစ်တစ်သက်Where stories live. Discover now