အခန်း(၄)

9 2 0
                                    

" ဘာအရသာစားချင်လဲ "

" စတော်ဘယ်ရီ "

မကြည်သလို ကြည်သလို မျက်နှာထားနှင့် ဆောင့်အောင့်ကာပြောလာသောလေသံက ချစ်ဖို့ကောင်းရသည့်အထဲ စားချင်တဲ့အရသာက စတော်ဘယ်ရီတဲ့လား တကယ်ကလေးပါလားကွာ

မင်းစေတမာန်လဲစိတ်ထဲကြိတ်ပြုံးလိုက်သည်။အပြင်တော့ထုတ်မပြောဖြစ်။မဟုတ်ရင် ကိုယ်တော်ချောက ထဆဲနေအုံးမှာ။

" စတော်ဘယ်ရီသီးတွေရှိလား "

" ရှိတယ် ရေခဲသေတ္တာထဲမှာ "

ခေါင်းငြိမ့်ပြကာ ဧပရွန် အရင်ဝတ်လိုက်ပြီး ရေခဲသေတ္တာထဲမှ စတော်ဘယ်ရီသီးများကိုထုတ်ကာရေဆေးလိုက်သည်။ရေဆေးပြီး ဇကာ ဖြင့်စစ်ထားစဉ် အနားသို့လေ အလျင်ဖြင့်ရောက်လာသူကြောင့် ဘာလုပ်မလဲသိချင်၍ အကြည့်ရွေ့လိုက်မိတော့ ကလေးလူကြီးလေးက စတော်ဘယ်ရီသီးတွေကိုတစ်လုံးပြီးတစ်လုံးယူစားနေလေရဲ့။

" ဟေ့ မင်းဆက်စားနေရင် ကိတ်အတွက်မရှိပဲနေတော့မယ်နော် "

ထိုသို့ပြောလိုက်ခါမှ အသီးများအား တမြုံမြုံဝါးနေသော ပါးစပ်ကလေးကပိတ်သွားကာ လက်ကလေးကငြိမ်ကျသွားသည်။

" မင်းနာမည် ဘယ်သူလဲမပြောရသေးဘူး "

" ကိုယ်က မင်းစေတမာန်ရှိုင်း "

" ဘာ မင်းစေတမာန်ရှိုင်း "

အတ္တတစ်ယောက် အင်္ကျီထဲအမြဲအသင့်ဆောင်တန်သော သေနတ်အားတန်းထုတ်လိုက်သည်နှင့် စေတမာန်ကလဲ အလိုက်သိစွာ လက်နှစ်ဖက်မြှောက်ပြီး သူ့ဘက်လှည့်လာလေသည်။

" မင်းဘာရည်ရွယ်ချက်နဲ့ ကိုယ့်အိမ်ထဲဝင်ခဲ့တာလဲ "

" ဟေ့ အတိတ်မေ့သွားတာလား ရှိန် မင်း ကိုယ်တိုင် ကိုယ့်ကိုခေါ်လာတာလေ "

" မင်းကိတ်လုပ်ပြီးသွားရင် ကိုယ့်အိမ်ကထွက်သွား ပြီးတော့ ဘယ်သူကမင်းကို ရှိန် လို့ခေါ်ခွင့်ပေးနေလို့လဲ "

" ရှိန် မင်း ကိုယ့်ကိုတကယ်မမှတ်မိတာလား "

" ကိုယ်က ဘာကိုမှတ်မိရမှာလဲ  "

" ဒါဆို ကိုယ် ကိတ်လုပ်ရင်း ပြောပြမယ် မင်းလက်ထဲကသေနတ်ကိုအရင်ချလိုက်၊ကိုယ်ရောက်နေတာမင်းအိမ်ထဲပါ မင်းကို ကိုယ်ဘာမှမလုပ်နိင်ပါဘူး အိုကေ "

You've reached the end of published parts.

⏰ Last updated: Aug 15, 2023 ⏰

Add this story to your Library to get notified about new parts!

ပိတောက်တစ်ခက် ချစ်တစ်သက်Where stories live. Discover now