Episode 1

3.4K 306 10
                                    

Unicode:

" ပတ်ဂျီမင်းတို့ကတော့ မနက်စောစောစီးစီး သောင်းကျန်းနေပြန်ပြီပဲ "

ဆိုးလ်မြို့ရှိ တက္ကသိုလ်ကြီးတစ်ခု၏ ကျောင်းဆောင်ကြီးတစ်ခုအတွင်းထဲမှ စတိုခန်းလေးတစ်ခုရှေ့သို့ ဖြတ်အသွား.... ကျောင်းသားတစ်ယောက်က ထိုကဲ့သို့ရေရွတ်လေသည်။ ထိုကျောင်းသားလေး ကြည့်နေသည့်နေရာသို့ လိုက်၍ကြည့်လိုက်ပါက အဖွဲ့လိုက်အနိုင်ကျင့်မှုတစ်ခုအား တွေ့ရလိမ့်မည်ဖြစ်သည်။

တဒုန်းဒုန်းတဒိုင်းဒိုင်းအသံတွေနှင့် နာကျင်မှု‌ကြောင့် အော်သံတွေ၊ ဒေါသတကြီးနဲ့ တောက်ခေါက်သံတွေကြောင့် ထိုကျောင်းသားလေးလည်း ခေါင်းအသာရမ်းကာ အဆိုပါနေရာကနေ ထွက်လာခဲ့တော့သည်။

" မင်းပါးစပ်သရမ်းလို့ ငါတို့နေရာကို ဆရာတွေပိတ်လိုက်ပြီ သိလား ! "

အဖွဲ့ထဲမှ တစ်ယောက်က ထိုကဲ့သို့ဒေါသတကြီးပြောလေတော့ ဒဏ်ရာအမြောက်အများနှင့်ကျောင်းသားလေးမှာလည်း တုန်တုန်ရီရီနှင့်ခေါင်းညိတ်ပြလေသည်။ " မလောက်လေး မလောက်စားနဲ့များ " ဟု အော်ဟစ်ပြောရင်း ခြေထောက်နဲ့တစ်ချက်ပိတ်ကန်လိုက်တော့ ကျောင်းသားလေးခမျာ သွေးတွေအန်ထွက်ရင်း ကြမ်းပြင်ပေါ် လဲကျသည်။

" တော်တော့ လူးဝစ်စ် ! တော်ကြာ အသက်ပျောက်သွားမှ အကုန်တန်းစီပြီး ပါသွားလိမ့်မယ် ရှင်းလား ! "

ခုနကတည်းက ထိုးပွဲမြင်ကွင်းကို သေချာမြင်ရလောက်မယ့် နေရာကနေထိုင်ကြည့်ရင်း ဘာစကားတစ်ခွန်းမှဝင်မပြောသေးပဲ မျက်နှာသေဖြင့်နေနေသူက အခုမှထလာပြီး လူးဝစ်စ်ဆိုသူအား အော်ဟောက်သည်။ ထိုသူကား တခြားသူတော့မဟုတ်။ တစ်ကျောင်းလုံးက ကျောင်းသား ကျောင်းသူများသာမက ဆရာ ဆရာမများကပါ ရှိန်ပြီးရင်းရှိန်နေရတဲ့ ပတ်ဂျီမင်းသာ။

ဝန်ကြီးချုပ်၏သားဖြစ်သည့်အပြင် ပိုက်ဆံကလည်း ရေလည်လျှံတာမို့ ပတ်ဂျီမင်းဆိုလျှင် ကျောင်းအုပ်ကြီးကအစ နေရာပေးရသည်။ ဝန်ကြီးချုပ်ကတော့ သူ့သားကိစ္စတွေကို တစ်ခုမှစိတ်မဝင်စားတတ်ပဲ သူ့သားရှုပ်သမျှပြဿနာတွေအား သူ့ secretary ကိုသာ ဒိုင်ခံရှင်းစေသူ။
သို့သော် ပတ်ဂျီမင်း မွှေသမျှအရှုပ်တွေကိုတော့ အပြင်သို့ပေါက်မကြားစေရ။ မဟုတ်လျှင် ဝန်ကြီးချုပ်က ပတ်ဂျီမင်းထက်ပိုပြီး ရက်စက်တတ်တာမို့။

You Like Cigarette But I Don't Like Strawberry || KM  { COMPLETED }Where stories live. Discover now