Unicode:
ရောက်ပြီဟေ့ဆိုလို့ ကားပေါ်ကနေဆင်းလာလိုက်တော့ စပျစ်ခြံကြီးတစ်ခုရှေ့ဖြစ်နေသည်။ ဧကတွေများသလား မများသလား မျက်စိတစ်ဆုံးမြင်နေရသည်မို့ ဂျီမင်းအံ့ဩစွာနဲ့ပဲ စူးစမ်းနေမိသည်။
" ဟို....သူက ဒီမှာဆိုတာ မင်းဘယ်လိုလုပ်သိတာလဲ။ ဘယ်သူသတင်းပေးတာလဲ "
" အဟမ်း တကယ်တော့ သူနဲ့ငါက သူထွက်သွားပြီးကတည်းက အဆက်အသွယ်မပြတ်ခဲ့ကြပါဘူးကွာ "
" ဘာ ! "
ဂျီမင်း မျက်နှာကြီးနီရဲသွားပြီး အသံကုန်အော်လိုက်သည်။ သူ့မှာတော့တစ်နေ့တစ်နေ့ ဂျောင်ဂုကိုလွမ်းစိတ်နဲ့ပင်ပန်းနေရတာ။ ဂျောင်ဂုအမေဆီသွားပြီး အောက်ကျနောက်ကျခံ စုံစမ်းတာတောင် ဘာသတင်းတစ်ခုတလေမှမသိခဲ့ရတာကို အခုအနီးဆုံးသူက အစကတည်းကသိထားရက်နဲ့လျှိုထားတယ်ဆိုတော့ ဒေါသတွေကအလိပ်လိုက်ထွက်လာသည်။
" မင်းကများ ! ငါနေ့တိုင်းနေ့တိုင်း ဘယ်လောက်တောင်ပင်ပန်းနေရသလဲဆိုတာကိုမသိတာလည်းမဟုတ်ပဲနဲ့ ! မင်းမို့လို့လုပ်ရက်တယ် ! "
ဒေါသတွေကနေတဆင့် မျက်ရည်တွေအဖြစ်သို့ပြောင်းလဲသွားပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ရင်းမှ မျက်နှာကိုဖွက်ထားလျက်နဲ့ငိုနေမိသည်။ ဟုတ်တာပေါ့ သူနေ့တိုင်း နာရီတိုင်း မိနစ်တိုင်း စက္ကန့်တိုင်း သိပ်ကိုပင်ပန်းခဲ့ရတာ။
အဖေဖြစ်သူဆီကနေ စွန့်ပစ်ခံရရုံမက ရှားရှားပါးပါးချစ်မိသူကပါ စွန့်ပစ်သွားတော့ ကမ္ဘာပျောက်သလိုမျိုးဖြစ်နေခဲ့ရတာ။ နေ့တိုင်းပင်ပန်းလွန်းလို့ ထုတ်မပြောဖြစ်ခဲ့တာတောင် သေသွားချင်ခဲ့မိတာ။ တစ်ခါတလေလမ်းတွေပျောက်လွန်းလို့ ဘာအတွက်ရှင်သန်နေရသလဲလို့တောင် အတွေးတွေလမ်းလွဲနေခဲ့တာ။
" ဂျီမင်း ငါရှင်းပြပါ့မယ်ကွာ "
" ငါ့ကိုဘယ်သူမှနားမလည်ကြဘူး။ ဘယ်သူမှငါ့ခံစားချက်ကို မလေးစားကြဘူး။ မင်းရော သူရော ငါ့အဖေရော အားလုံးပဲ !! "
ဒေါသမျက်ရည်တွေကျပြီးရင်းကျရင်း အသံတွေလည်းတုန်လှုပ်နေခဲ့သည်။ စိတ်ထဲမှာတအားဒေါသထွက်သလို ဝမ်းလည်းဝမ်းနည်းလွန်းလို့ ရူးပါရူးချင်တယ်။
YOU ARE READING
You Like Cigarette But I Don't Like Strawberry || KM { COMPLETED }
RomanceProject Fiction ><