[Unicode]
နေမင်းသန့်စင် ကျောင်းသို့ ရောက်ရောက်ချင်း စာရေးခုံ၏ ခုံပေါက်ထဲ လက်နှိုက်လိုက်သည်။
ထင်တဲ့အတိုင်း စာတစ်စောင်ရှိနေခဲ့သည်။ အခုလို ရည်းစားစာတွေရနေတာ သူ့အတွက် အထူးအဆန်းမဟုတ်တော့ချေ။သူကျောင်းရောက်သည့်အချိန်တွင် ခုံပေါက်ထဲ လက်နှိုက်လိုက်တာနဲ့ စာတစ်စောင်ရှိနေမည်။
ပန်းရောင်ဖျော့ဖျော့စာအိတ်ပေါ်တွင် အနီရောင်အသည်းပုံကလေးနှင့် ရည်းစားစာကို ကြည့်ပုံထောက်တော့ မိန်းကလေးတစ်ယောက်ဆီက ဖြစ်ရမည်။ဘယ်သူပေးမှန်းမသိပေမယ့် အရေးအသားက အတော်လေးပျင်းစရာကောင်းလှသည်။
"နေမင်းသန့်စင်
ငါမင်းကိုချစ်တယ်
တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် မင်းလည်းငါ့ကို ချစ်လာလိမ့်မယ်လို့ မျှော်လင့်မိတယ် "ကဲ...ဒီလောက်ပဲ။ ဘာရင်ခုန်စိတ်လှုပ်ရှားစရာမှ မပါသလို ဘယ်သူပေးတယ်ဆိုတဲ့ အမှတ်အသားလည်းမပါ။
မင်းနဲ့ငါဆိုတဲ့ အသုံးနှုန်းကိုတော့ လစ်လျူရှုထားလိုက်မိ၏။ အခုခေတ်မိန်းကလေး အချို့က ဒီလိုပြောတတ်ကြသည်ပဲ။ စာအိတ်၏အရောင်နှင့် အသည်းပုံကလေးကို ကြည့်ရင်ကိုပဲ မိန်းကလေးတစ်ယောက်ဆီကမှန်း သိသာနေသည်ကိုး။
ရည်းစားစာတွေတော့ နေ့တိုင်းရပါရဲ့။ ဒါပေမယ့် အစောင်တိုင်းက အထက်ပါ စာသားတွေချည်း ဖြစ်နေတာကိုတော့ အနည်းငယ်စိတ်ပျက်မိ၏။
နေမင်းသန့်စင်ဆိုတာ မဆိုးပေမယ့် မလိမ္မာတဲ့ကျောင်းသား တစ်ယောက်။
အတန်းထဲမှာ သူနဲ့ဇာတ်လမ်းမရှိဖူးတဲ့ မိန်းကလေးဆိုလို့ လက်ချိုးရေလျှင်ပင်ရ၏။ သူ၏အပေါင်းအသင်းများဆိုတာကလည်း ကျောင်းရဲ့ရာဇဝင်လူမိုက်များပင်။"ဟေ့ကောင် အတန်းတက်ဖို့ အဝေးကြီးလိုသေးတယ်၊ ငါတို့ ဆေးလိပ်သွားသောက်မလို့ လိုက်မလား"
ပခုံးကိုပုတ်ရင်း ပြောလာသည့် တာရာလင်းလက် ကြောင့် နေမင်းသန့်စင် အတွေးယာဥ်ကြောကို ရပ်တန့်လိုက်သည်။
"အေး လိုက်မယ်လေ"
နေမင်းသန့်စင်အပါအဝင် လူမိုက်လေးယောက်ကား ကျောင်းစည်းကမ်းကို ချိုးဖောက်ကာ ကျောင်းအိမ်သာတွင် ဆေးလိပ်တစ်ယောက် တစ်လိပ်ဖြင့်။

YOU ARE READING
အတန်းခေါင်းဆောင်ကလူဆိုးကောင်ကိုဘေးမဲ့ပေးထားတယ်![completed]
Short StoryMyanmarxBL(unicode+zawgyi) 🌸Owncreation🌸 completed short story! This story is just my imagination. side story of "This coffee tastes like my past"