"ဒီနေ့ တီချယ်တို့အတန်းကိုကျောင်းသူအသစ်တစ်ယောက်ရောက်တယ်"
နဝမတန်း၏အတန်းပိုင်ဆရာမသဖြစ်လဲမြန်မာစာဘာသာရပ်ပြဆရာမဖြစ်သည့်
တီချယ်ဒေါ်ရွှေရွှေဝင်းကအတန်းသားများကိုဒီနေ့မှာသူတို့အတန်းကို အတန်းသားအသစ်
တစ်ယောက်တိုးကြောင်းကြေညာလိုက်သည်။
ကျောင်းသူအသစ်ဟူသည့်အသံကြောင့်အတန်းထဲမှကောင်လေးတစ်ချို့မျက်လုံးများဝိုင်းစက်သွားကြသည်။ထို့အတူအသစ်ရောက်လာတဲ့ကျောင်းသူကအလန်းဇယားလေးများဖြစ်နေမလားဟုအလိုလိုသိချင်စိတ်များပေါ်ထွက်လာကြ၍ အချင်းချင်းမျက်ခုံးမျက်စပစ်ပြနေလေသည်။"သမီးဝင်ခဲ့လေ"
တီချယ်ဒေါ်ရွှေရွှေဝင်းကအခန်းပြင်မှာခပ်ကုပ်ကုပ်လေးရပ်နေသည့် ကောင်မလေးအားအခန်းထဲသို့ဝင်လာနိုင်ပြီဖြစ်ကြောင်းလက်ယပ်ခေါ်လိုက်သည်။
ထိုကောင်မလေးက အပြင်ဘက်မှာခေါင်းကိုတွင်တွင်ငုံ့လျက်ရပ်နေသဖြင့်သူ့မျက်နှာဘယ်လိုဘယ်ပုံဖြစ်ကြောင်းအတန်းသူအတန်းသားများမမြင်ရသေး။
ခန္ဓာကိုယ်ပုံပန်းသွင်ပြင်ကတော့ ပိန်ပိန်ပါးပါးနှင့် 5ပေ3ခန့်အရပ်ကိုမှ အသားအရေကနို့နှစ်ရောင်လေးလိုကြည်လင်ရှင်းသန့်နေသည်။
ဆံပင်အရှည်ထားသည်လားတော့မသိ။
ကျောလယ်ရောက်ရှိမည်ထင်ရသော ဆံနွယ်ရှည်တို့အားအမဲရောင်ခေါင်းစည်းကြိုးပွပွဖြင့်အသာစည်းနှောင်ထားသည်။
ကျောင်းယူနီေဖာင်းတီရှပ်အဖြူ၊နက်ကတိုင်နီညိုေရာင်နှင့်အတူနီညိုရောင်စကပ်တို့ကိုဝတ်ဆင်ထားသည့်သူက ပေါင်လယ်လောက်သာရှိသည့်စကပ်ကြောင့် ခြေသလုံးဖွေးဖွေးသွယ်သွယ်လေးများကအတိုင်းသားပေါ်နေသည်။ထိုကောင်မလေးအတန်းထဲသို့လှမ်းဝင်လာလိုက်သည်နှင့် အတန်းထဲမှယောကျာ်းလေးထုကြီး၏မျက်ခုံးများကအလိုလိုပင့်သက်သွားသည်။ထိုကောင်မလေးကတော့ခေါင်းငုံ့လျက်ပင် အတန်းရှေ့မှဆရာမစားပွဲနံဘေးတွင်အယာရပ်နေလေသည်။
"သမီးကတစ်လလောက်နောက်ကျပြီးမှရောက်လာတာမလို့ ကြားထဲလွတ်သွားတဲ့စာတွေကိုသူငယ်ချင်းတွေဆီကပြန်ကူးထားလိုက်နော်"
YOU ARE READING
ပျော်ရွှင်မှု၏မြစ်ဖျားခံရာသည်ညီမလေးဖြစ်ကြောင်း။