"ဘုတ် ဘုတ် ဒုန်း"
ပီဇာသူနေထိုင်ရာကွန်ဒိုအတွင်းသို့ခြေချလိုက်သည်နှင့် ပစ္စည်းများအားဆောင့်ပစ်ချသလိုလိုဝုန်းဝုန်းဒိုင်းဒိုင်းအသံတွေကြားလိုက်ရသည်။အိမ်အတွင်းသို့ဝင်ဝင်လိုက်ချင်းပင်ဟိုနေရာဒီနေရာပြန့်ကျဲနေသောပစ္စည်းများအားတွေ့ရလေသည်။
ဟိုတစဒီတစနှင့်ရူပ်ပွနေသောပစ္စည်းပစ္စယများကြောင့်ပီဇာ မေမေအမြဲရှိနေတတ်သည့်မီးဖိုချောင်သို့အပြေးသွားတော့သည်။
မီးဖိုချောင်ထဲတွင်မေမေရှိမနေချေ။ဘေစင်ပေါ်မှဆပ်ပြာမြုပ်ဖျားဖြင့်ဆေးလက်စပန်းကန်များကို ပီဇာတွေ့လိုက်ရသည်။ပီဇာ့စိတ်ထဲမေမေ့ကိုမမြင်ရ၍တော်တော်ချောက်ခြားသွားမိသည်။ထိုအချိန်၌ပင် ဖေဖေနှင့်မေမေ၏အိပ်ခန်းဘက်မှအော်ဟစ်သံတွေကြားလိုက်ရသည်။
ဒါဖေဖေ့အသံမှဖေဖေ့အသံ။"မင်းပါးစပ်ကိုပိတ်ထားလိုက်စမ်းနန်းသဉ္ဇာ"
"လဲသေလိုက် ရှင်သာရှင့်ပါးစပ်ပေါက်ကိုပိတ်ထားလိုက် လူယုတ်မာကြီးရဲ့"
"ငါ့ကိုလူယုတ်မာလို့ခေါ်ရအောင်ငါကမင်းအပေါ်ဘာတွေများလွန်ကျူးဖူးလို့လဲမင်းသာမင်းလုပ်ရက်တွေကိုပြန်သုံးသပ်ကြည့်စမ်းပါ"
"ဝုန်းး"
ဝုန်းဟူသည့်အသံကြီးကြားလိုက်ရသည့်အချိန်တွင်တော့ပီဇာသူအသံကြားနေရသည့်အိပ်ခန်းသို့အပြေးရောက်သွားပါတော့သည်။။
အိပ်ခန်းတံခါးကဖွင့်လျက်သားနှင့် မေမေကဆိုဖာမှာထိုင်လျက်ရှိနေပြီး ဖေဖေကတော့ကြမ်းပြင်ပေါ်သို့ပြုတ်ကျနေသည့်စာအုပ်များအားကောက်သိမ်းနေလေသည်။
ပီဇာစိုးရိမ်တကြီးဖြင့်"မေမေဘာဖြစ်သွားသေးလဲဟင် မေမေ မေမေ အဆင်ပြေရဲ့လား"
ပီဇာ ဆိုဖာပေါ်မှာထိုင်လျက်စီးကျနေသည့်မျက်ရည်များအားကြမ်းကြမ်းတမ်းတမ်းသုတ်ပစ်ရင်း မျက်လုံးများနီရဲနေသည့်မေမေဆီသို့ပြေးကပ်သွားကာ မေမေ့ကိုဖက်ထားလိုက်မိတော့သည်။
နူတ်မှလဲမေမေဘာဖြစ်သွားသေးလဲဟုတဖွဖွမေးနေတော့သည်။"မေမေဘာဖြစ်သွားလဲဟင် မေမေမငိုရဘူးနော် ပီဇာရှိတယ်လေ နော်"
YOU ARE READING
ပျော်ရွှင်မှု၏မြစ်ဖျားခံရာသည်ညီမလေးဖြစ်ကြောင်း။