2020.......
ပြတင်းပေါက်ကိုမှီရပ်နေတဲ့အနေထားနဲ့
ကော်ဖီခွက်လေးကိုင်ရင်း
အပြင်ဘက်မှာအငြိုးတကြီးနဲ့
သဲသဲမဲမဲရွာနေသောမိုးရေစက်တွေကို
ငေးမောနေမိတဲ့ ပန်းချီဆရာလေး Xiao Zhan.......
မိုး.….... မိုးတွေရွာနေပြန်ပြီလေ
ဒီလိုအေးချမ်းတဲ့ မိုးရေစက်တွေကြားမှာ
အချစ်နဲ့တွေ့ဆုံခဲ့တယ် ….....
*******
ဒီလိုအေးချမ်းတဲ့ မိုးရေစက်တွေကြားမှာပဲ
အချစ်ကိုဖွင့်ဟဝန်ခံခဲ့တယ်.…......
ဒီလိုအေးချမ်းတဲ့ မိုးရေစက်တွေကြားမှာပဲ
အချစ်ကိုလက်ခံရရှိခဲ့တယ်......
ဒီလိုအေးချမ်းတဲ့ မိုးရေစက်တွေကြားမှာပဲ
လက်တွဲပြီးလမ်းလျှောက်ခဲ့ကြတယ်........
ဒီလိုအေးချမ်းတဲ့ မိုးရေစက်တွေကြားမှာပဲ
အနမ်းလေးတွေပေးခဲ့ဖူးတယ်.….....ဒီလိုအေးချမ်းတဲ့ မိုးရေစက်တွေကြားမှာပဲ
အတူတူပျော်ရွှင်ခဲ့ဖူးကြတယ်…........
ဒီလိုအေးချမ်းတဲ့ မိုးရေစက်တွေကြားမှာပဲ
စိတ်ဆိုးစိတ်ကောက်ခဲ့ကြဖူးတယ်…....
ပြီးတော့.….... ပြီးတော့..........
ဒီလိုအေးချမ်းတဲ့ မိုးရေစက်တွေကြားမှာပဲ
နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြတယ်......
ဒီလိုအေးချမ်းလွန်းလှတဲ့ မိုးရေစက်တွေကြားမှာပဲ
ရင်ကွဲစွာ အသဲအသန်ငိုရှိုက်ခဲ့ဖူးတယ်.….....
အချစ်......အချစ်.......ကျွန်တော့်ရဲ့ အချစ်….....
ကျွန်တော့်ရဲ့အချစ်က သူ့အပေါ်မိုးရေစက်တွေလို
အေးချမ်းမှုတွေ အပြည့်အဝဖြန်းပက်ပေးခဲ့ပေမဲ့
သူကတော့ သူ့အပေါ် အပြည့်အဝ
မသက်ရောက်ခဲ့ဘူးလို့ ထင်နေပါလိမ့်မယ်....
မိုးတွေရွာတိုင်း ဒီလိုမိုးတွေအငြိုးတကြီးနဲ့ရွာ
လေတိုင်း
ကိုယ်မင်းကိုတမ်းတနေမိဆဲပါပဲ Yibo ရယ်....
ရာသီတွေအလီလီပြောင်းသွားခဲ့လဲ
ရင်ထဲမှာအမြစ်တွယ်နေဆဲပါပဲ.......အခုဆို မင်းကတော့ အဝေးတစ်နေရာမှာ
ကိုယ်မဟုတ်တဲ့သူနဲ့ ပျော်နေလောက်ရောပေါ့
ကိုယ်တို့နှစ်ယောက်က ဆုံမှတ်မရှိတဲ့
မျဉ်းပြိုင်နှစ်ကြောင်းဖြစ်မှန်းမသိ ဖြစ်နေခဲ့ကြတာ
ကို
နောက်ဆုံးမှ ရင်ကွဲစွာသိခဲ့ရတယ်လေ
မင်းကိုချစ်မြတ်နိုးခြင်းနဲ့အတူ ကိုယ်အသဲကွဲခံခဲ့
တယ်
ဒါဟာ မင်းလေးအတွက်ပဲဆိုတာကို
တနေ့တော့ မင်းလေးနားလည်နိုင်မှာပါကွာ
မိုးတွေရွာနေတိုင်း ကော်ဖီခွက်တခွက်ကိုင်ထား
ရင်းနဲ့
မိုးရေစက်လေးတွေကို ငေးမောမိလေတိုင်း
လွန်ခဲ့တဲ့လေးနှစ်ခန့်က ဒီလိုအငြိုးတကြီး
မိုးရွာတဲ့နေ့လေးမှာ သူနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့တဲ့
နေ့လေးကို
ပြန်လည်တမ်းတ တွေးတောနေမိတုန်းပါပဲ
သေချာပါတယ် မင်းကငါ့ရဲ့သေရာပါဒဏ်ရာတခု
ပဲYibo......