part-1

110 12 4
                                    

                 Unicode

ဆောင်းကုန်ဆုံးကာ နွေဦးသို့ စတင်၀င်ရောက်လာစဥ်ကာလ။ သစ်ရွက်ကလေးများမှာလဲ အစိမ်းရောင်မှ အ၀ါဘက်သို့ သန်းကာ မြေပေါ်ခသည့်ကာလ ဖြစ်သည်။

"မောင်.... စောင့်ပါဦး"

"မှီအောင်လိုက်ပေါ့"

"ဟာ မောင်နော် စောင့်ပါဦးဆို ပြောမရဘူး"

"ကောင်မလေးက မမှီတော့ဘူး ရှက်ရှက်"

"ဂျူးသစ္စာမောင်..."

ခေါ်လိုက်သည့် အသံက တစ်ခုခုကို အလိုမကျ၍ ခေါ်လိုက်သည့်အသံ စူးစူးရှရှနှင့် နူးညံ့သည့်အသံ ဖြစ်ပေမယ့် သူ့အတွက်တော့ လွန်ဆန်၍ မရသည့် ဘုရင်မ၏ အမိန့်တော်လိုပင်။

"ဟုတ်ကဲ့ ပြောပါ မောင့်ရဲ့ မင်းသမီးလေး"

"မောင်မင်းအခုရပ်နေတဲ့ နေရာကနေ အကျွန်ုပ်ကို စောင့်နေစမ်း.."

"မှန်လှပါ မင်းသမီးလေး"

"ဒီလိုမှပေါ့"

လူသူမရှိတဲ့ လမ်းမလေးပေါ်မှာ ကြည်နူးနေကြသော မိန်းကလေးနှစ်ဦး။ ဘေးဘီရှိ သစ်ပင်များနှင့် လေပြည်လေးများကသာ သူတို့အား အဖော်ပြု၍။ နွေဦးတွင် လေရူးများတိုက်သည်ဟုသာ ဆိုကြပေမယ့် သူတို့အဖို့တော့ ချစ်ခြင်း မေတ္တာများကသာ ပျံ့လွင့်လျက်။

"မောင်"

"ဗျာ..."

"ခင့်ကိုလေ တကယ်ချစ်တာလား"

"ဒါပေါ့ဗျာ"

"သေချာရဲ့လား"

"တကယ်ပါဗျ"

"အဲ့တာဆို ချစ်လား"

"ချစ်တာပေါ့ဗျာ"

       
       ချစ်မှန်းလဲ သိပါသည်။ ယုံလဲယုံပါသည်။ သို့ပေမယ့် မောင့်ဆီမှ "ချစ်ပါတယ်" ဟူသော စကားလေး ကြားချင်သည်။ကြားရရုံဖြင့်ပင် စိတ်အေးသည်။ ဒါအချစ်ရဲ့ စွမ်းအားများလား။

"ဒါနဲ့နေပါဦး ခင်ကရော မောင့်ကို ချစ်ရဲ့လား"

"ချစ်တာပေါ့ ခင်ကမောင့်ကို ရိုးရိုး အချစ်တောင်မဟုတ်ဘူး ပေးဆပ်ခြင်းမျိုးနဲ့ ချစ်တာ"

"မျဥ်းပြိုင်"Where stories live. Discover now