Unicode
"သမီး ခင်ဦး ဒါလေး စာအုပ်စင်မှာ စီပြီးရင် သွားလို့ရပြီနော်"
"ဟုတ်"
"ခင်ဦးရယ် ဟုတ်ကဲ့ပါလို့ သုံးလုံးပြည့်အောင် တစ်ခါလောက်ပြောကြည့်ပါလား ကြားဖူးချင်လို့ပါအေ"
ဆရာမပြောသည်ကို ပြန်မပြော ခပ်ကြဲကြဲရယ်၍သာ လှည့်ထွက်လာခဲ့သည်။ ခင်ဦးမှာ အဲ့လိုပင် စကားအပြောအဆိုလဲ နည်းသလို အရယ်အပြုံးလဲ နည်းသေးသည်။ သူချစ်သည့် မိန်းကလေး၏ ရှေ့မှာတွင်သာ ကြိမ်ဖန်များစွာ ပြုံးတက်၏။ ဤအချက်ကြောင့်ပင် အကြောင်းမသိသူများက မွန်မင်းသမီး ခင်ဦးထက် မာနပိုသော ခင်ဦးဟုပင် တင်စားကြသည်။ လူဆိုတာ ပေါင်းဖူးမှ အကြောင်းသိသည် မဟုတ်လား...။
°°°°°°°°°°°°°°°°°°°°°°°°°°°°
စာအုပ်များလဲ စီလို့ပြီးစီးသွားပြီဖြစ်၍ စာကြည့်တိုက်မှ ကန်တင်းဆီသို့ ခြေဦးညွှန်မိသည်။ တစ်နေ့ကို တစ်၀က်သာ ကျိုးသေးသည်ဆိုပေမယ့် လူရောစိတ်ပါ ပင်ပန်းသည်။ ပင်ပန်းမှုများ ကြာကြာမခံလိုက်ပါ စာကြည့်တိုက်ရှေ့တွင်စောင့်နေသော သူ့ကြောင့် တစ်မနက်လုံး ပင်ပန်းထားသမျှမှာမြူမှုန်ပမာ လွင့်ပြယ်သွားတော့သည်။
"မောင် ဘယ်ထဲက စောင့်နေတာလဲ မောင့်အလုပ်တွေရော....."
"အမြန်လုပ်ပြီးလာခဲ့ရတာပေါ့ ဟိုတစ်နေ့ကလို ဖြစ်မှာ စိုးလို့"
အဲ့နေ့။ ကန်တင်းမှာ ဂျူးတို့ လေးယောက် စကားဖောင်ဖွဲ့နေကြချိန် ယောက်ျားလေး တစ်ဦးမှ ခင်ဦးထံ ချဥ်းကပ်ကာ စာတစ်စောင်ပေးလာခဲ့သည်။ ခင်ဦးမှာ မယူဘူးဟု ငြင်းသော်လဲ စာလေးတစ်စောင်တော့ လက်ခံပေးပါဟု ပြောလာသဖြင့် ခင်ဦးလဲ ဂရုဏာသက်ကာ လက်ခံလိုက်သည်။ စာထဲတွင် ပါသည်မှာက....
{သို့´ခင်ဦးသံသာ
သံသာ သံသာ့ကို ကိုယ်ချစ်တယ်။
ကိုယ့်ကိုပြန်ချစ်ဖို့ ကိုယ်မပြောပါဘူး။
သံသာသိစေချင်ရုံလေး။သံသာသွားရာ ခြေလှမ်းလေးတွေအတိုင်း
ကိုယ်လိုက်လျှောက်နေမိတာကြာပါပြီ။နောက်လဲ ဒီအတိုင်းပဲ
ဆက်လျှောက်နေပါဦးမယ်} တဲ့ဒီစာရပြီးသည်နှင့် လမ်းလျှောက်တိုင်း နောက်တွင် တပ်ကြပ်မကွာ လိုက်ပါလာသော ခင့်အရိပ်ကိုပင် ရန်ထောင်နေသော မောင့်ကို ထိန်းနေရခြင်းနှင့်ပင် သူမအား။ မောင်က သည်လိုလူပင်။ လေပြည်ညှင်းလေးတွေ အနားမှ ဖြတ်သွားလျှင်တောင် သ၀န်တိုတက်သည့်သူ။ ထိုလိုလူမျိုးအား ပိုင်ဆိုင်ရထား၍လဲ ပျော်သည်။
YOU ARE READING
"မျဥ်းပြိုင်"