လှည်းသံ တဂျီဂျီ

1.2K 61 2
                                    

"သားရေ...သား အငယ်ကောင်..."ဒေါ်စိန်မြတစ်ယောက် သူမ၏ သားဖြစ်သူအား မှောင်မှောင်မဲမဲ အလင်းမဲ့နေသောအခန်းထဲ၌ဝယ် ဟိုစမ်းဒီစမ်းဖြင့်ခေါ်နေလေသည်။ ဒေါ်စိန်မြတို့အိမ်မှာကြီးလှသည်မဟုတ်သော တဲအိမ်ကလေးဖြစ်သည်မို့ အခန်းငယ်တစ်ခန်းသာဖွဲ့ထားလေသည်။သားကြည့်နှစ်ယောက်မွေးထားသော ဒေါ်စိန်မြအဖို့ သမီးမိန်းကလေးမှာ ချွေးမကလွဲမရှိနိုင်ပေ။ သားအကြီးချွေးမကမတည့်တော့ အိမ်ခွဲကြသည်မို့ သားအငယ်နှင့်သာအတူတူနေရရှာသည်။ တစ်ခန်းထဲသာဖွဲ့ထားသည်မို့ ညရေးညတာအတွက်သားအမိနှစ်ယောက်အတူတူပဲအိပ်ကြရသည်။

"အင်း...အမေ.."

"ထကွဲ့….ထတော့...ရွာဦးကျောင်းကတုံးခေါက်နေပြီ...အမေတို့သွားရအောင်..."ဒေါ်စိန်မြတို့ရပ်ရွာ၌တော့အိမ်တိုင်း နာရီဟူ၍မယ်မယ်ရရ မရှိပေ။ ရွာဦးကျောင်းမှအုန်းမောင်းခေါက်သံကိုသာအားကိုးနေရလေသည်။ ဒေါ်စိန်မြသားဖြစ်သူ မောင်သာထွန်းမှာ အိပ်ရာထပ်မှလူးလဲကာထရင်း အခန်းထောင့်ရှိ ရေနံဆီမီးအိမ်လေးအားထွန်းလိုက်လေသည်။ရေနံဆီမီးရောင်မှာမှိန်ပျပျသာ။ တစ်နေ့လုပ်စာတစ်နေ့စားရသည်မို့ရေနံဆီလဲများများစားစားပင်မဝယ်ထားနိုင်သည်မှာတော့ မထူးဆန်လှပါပေ။

"ကဲ သား မျက်နှာသစ်ချီတော့..." အမေဖြစ်သူ ဒေါ်စိန်မြမှာ တုန်ချိချိ အသက်၆၀နီးပါးရှိသောအဘွားဖြစ်လေ‌သည်။ဆင်းရဲသူလက်လုပ်လက်စားမို့ အရိုးပေါ်အရည်တင်ကာ ပိန်လှီလှပေသည်။ မီးမှောင်မှောင်ထဲ၌ပင် ဟိုစမ်းဒီစမ်းကာဖြင့် အမိုးပေါက်ရေတွင်းလေးဆီသို့စမ်းတဝါးဝါးသွားရလေသည်။ သူမအိမ်နေရာဖြစ်သည်မို့ လဲသွားမည်မဟုတ်သည်မှာတော့အမှန်ပင်။ ထမင်းအိုးပင်မတည်နိုင်ခဲ့တော့ပါ။ သူမ၏မျက်စိကုဖို့သွားပြရမည်လေ။
မတက်နိုင်ကြသူမို့ အခမဲ့မျက်စိခွဲစိပ်ကုသပေးသောအချိန်ကိုသာအားကိုးစောင့်နေရရှာသည်လေ။

"အမေရေ...အချိန်ကစောမနေဘူးလား..."မောင်သာထွန်းမှာပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ရင်း မေးလိုက်လေသည်။ညထီးထီ၌ဝယ် မည်သည့်အသံကိုမှမကြာရပေ။

"မစောပါဘူး သားရဲ့ အမေတို့လေးနာရီလောက်ထပြီးသွားမှ ဟိုကို ၆နာရီလောက်ရောက်မှာလေ...အဲ့ဒါမှအဆင်ပြေမှာသားရဲ့..." ဒေါ်စိန်မြတို့ရွာနှင့် နှစ်နာရီကျော်ဝေးသော မြို့သို့သွားပြီးမျက်စိပြရမည်ဖြစ်သည်။ ဒေါ်စိန်မြ၏ မျက်လုံးမှာ လုံးဝမမြင်ရတော့သည်မဟုတ်ပေမဲ့လဲ...မခွဲပါလျှင်လဲ တဖြေးဖြေးချင်းတိမ်ဖုံးကာကွယ်လာတော့မည်မို့ ခွဲကိုခွဲရမည်ဟုဆရာဝန်ကပြောသည်တဲ့လေ။တစ်လလောက်နေမှ တစ်ကြိမ်သာအခမဲ့ဖွင့်ပေးသော မျက်စိဆေးခန်းရှိသည်မို့ သူမတို့မနက်စော‌စောဆေးခန်းအမှီသွားပြရမည်။

ဘဝခြားWhere stories live. Discover now