[part-10]

1.6K 136 5
                                    


*unicode*

ဆွဲဖမ်းခေါ်ခံလိုက်ရတဲ့ခန္တာကိုယ်နဲ့အတူသူဟာဘာဆိုဘာမှမသိတော့...

Taehyungမျက်လုံးတွေပွင့်လာတော့သူ့ရှေ့မာရှိုက်ကာငိုနေသည့်အသက်ကြီးကြီးလူတယောက်ကိုမြင်လိုက်ရသည်..

Taehyungနှိုးလာတာလည်းမြင်တော့တောင်းပန်သည့်အကြည့်တို့နဲ့ကြည့်လာပီးခုံပေါ်ကထိုင်နေတဲ့သူ့ရှေ့ကိုဒူးထောက်လာသည်..

ရုတ်တရက်မလို့လန့်သွားကာမလုပ်ဖို့တားလိုက်မိတယ်

"မလုပ်ပါနဲ့ ထပါ.."

သူ့ကိုဖမ်းခေါ်လာတဲ့သူကအခုလိုတွေလုပ်နေတာတော့တမျိုးပါပဲ...

"ဦးလေးကြီးဘာလို့ကျွန်တော့်ကိုဒီဖမ်းခေါ်လာရတာလည်း..ကျေးဇူးပြုပီးပြန်လွှတ်ပေးပါဗျာ.."

တောင်းဆိုလိုက်တော့ပိုလို့တောင်ငိုပြန်သည်မလို့Taehyungဘာလုပ်ပေးရမလဲတောင်မသိတော့ လက်ကလည်းကြိုးနဲ့အတုတ်ခံထားရတာမလို့မသက်သာ

ထိုလူကြီးကဘာကြောင့်သူ့ကိုဖမ်းခေါ်လာခဲ့ရတာလည်း?..

"ဦး..ဦးလေး..တောင်းပန်ပါတယ်..တကယ်တောင်းပန်ပါတယ် တောင်းပန်ပါတယ်"

တောင်းပန်သည့်စကားကိုသာထပ်ခါထပ်ခါပြောပီးငိုတာလဲမရပ်..သူ့စကားတွေကိုလည်းနားမဝင် ထို့ကြောင့်အသိစိတ်ကပ်အောင်လို့အော်ခေါ်လိုက်တော့

"ဦးလေး! ကျွန်တော့်ကိုဘာလို့တောင်းပန်နေရတာလဲ.."

ထိုတော့မှအသိစိတ်ကပ်သွားကာဒူးထောက်နေရာကနေကုန်းရုံးထလာကာမျက်ရည်တွေကိုဆွဲသုတ်သည်

"ဦးလေး..ကလေးကိုပြန်လွှတ်ပေးမာပါTaehyungလေးရယ်"

နာမည်ကိုပါသိနေတာမလို့Taehyungအံသြသွားသည်..ဒီဦးလေးကြီးကဘာလို့သိနေရတာလဲ

"တောင်းပန်ချင်လို့ပါ...မဟုတ်ရင်ဒီစိတ်ကြီးနဲ့ဦးလေးသေတဲ့အထိပါသွားရလိမ့်မယ်"

"ဦးလေးဟန်အကုန်ပြောပြပါမယ်..."
.
.
.
.
*flashback*

Kimစံအိမ်တော်ကြီးတွင်သဘောကောင်းပီးနွေးထွေးကြင်နာတတ်တဲ့အသက်အရွယ်အလတ်ပိုင်းခြားဇနီးမောင်နှံ​နှစ်ယောက်ရှိသည်...မောက်မာခြင်းမရှိအလုပ်သမားကိုလည်းကြင်ကြင်နာနာဆက်ဆံတတ်သေးတာ....။

MANIAC//KV [complete]Where stories live. Discover now