" ဂျန်းနီ ရူဘီဂျိန်းကင်မ် နင်မထသေးဘူးလားဟာ "
" ရား ပရမ်ပရီယာ မာနိုဘန် လူအိပ်ချိန်ဟ လာအော်မနေနဲ့ "
" မျက်စိလဲဖွင့်ဦး ရှစ်နာရီတစ်ဆယ့်ငါးဟ "
" နိုဘန်ရာ နင်ငါ့ကိုစောစောထဲကပြောပါတော့လားဟာ "
ခေါင်းတစ်ချက်ခါပီးထွက်သွားတဲ့ဘန်ဟာ ခပ်အေးအေး သူ့အကျင့်တိုင်းပင် ။
ရေချိုးခန်းကထွက်လာတော့ ကုတင်ပေါ်က အဝတ်ပေါ်မှာ ဖဲပြားသေးသေးကအစတင်ထားသည် ဒီကောင်က အမြဲအေးစက်စက်နဲ့ဂရုစိုက်ပေးတာ ။
ဘန်ကစာတော်တယ် ၊ ကျွန်မကစာညံ့တယ် စာမလုပ်တာဆိုပိုမှန်မယ် မေမေဆိုအမြဲပြောသည် ဘန့်လိုစာလုပ်ဖို့ မလေဖို့ တစ်ခါတစ်ရန် ဘန်နဲ့စာတူတူလုပ်ဖို့ဘန့်ကိုပါအိမ်ခေါ်တတ်သည် ။
အဲ့လိုချိန်တိုင်း စာထဲဈာန်ဝင်နေတဲ့ ဘန့်မျက်နှာကိုငေး ရင်းအချိန်ကုန်တာကိုလဲမေမေမသိ ၊ မေမေလှမ်းလိုက်တဲ့လမ်းစဉ်ကမှ သူ့ကိုစာပိုမလုပ်စေချင်တာ မေမေသတိမမူမိပုံပဲ ။
" ဖြေးဖြေးနင်းပါ နိုဘန်ရ သေကုန်တော့မှာပဲ "
" နင်ပါးစပ်ပိတ်လိုက်ခဲ့ပါ နင့်ကြောင့်နောက်ကျရတာ "
ခပ်တင်းတင်းအပြစ်တင်ရင်း သူကစက်ဘီးကိုအားကုန်ဖိနင်းသည် ။
လည်ကွင်းပြင်တွေဘေးက အလေ့ကျပေါက်တဲ့တောပန်းလေးတွေကြား တရှူးတိုးဖြတ်မောင်းသွားတဲ့ စက်ဘီးလေးဟာ သခင်နှင်ရာကို ရွေ့နေသည် ။
" ဟူးတော်သေးတယ်မှီလို့ "
ကျောင်းနာရီစင်က ကိုးနာရီထိုးဖို့ တစ်ဆယ့်ငါးမိနစ်အလိုကိုကြည့်ရင်း ခပ်ဖွဖွလေး ရူဘီငြီးမိသည် ။
ကျောင်းပေါက်ဝက လက်မြှောက်နေတဲ့လူတွေကိုမြင်တော့တအံ့တဩငေးမိတယ် ၊ ဘန့်ဘက်ပြန်လှည့်တော့ ဒီကောင်က လွယ်အိတ်ထဲက အင်္ကျီကို ခပ်သာသာထုတ်နေသည် ။
အဲ့သည်တော့မှ မျက်နှာငယ်ဖြင့်
" ဘန် "
သူ့ကိုခေါ်တော့ မေးတစ်ချက်ဆတ်ပြသည်" ငါ အင်္ကျီကျန်ခဲ့ပြီဟ "
ဟောပြောပွဲနေ့တိုင်း အင်္ကျီယူရသည် ဒါကို သူ့ကိုချစ်ကြောင်းတွေတွေးနေတာနဲ့သူမမေ့သည် ။
YOU ARE READING
𝑃𝑖𝑒𝑐𝑒𝑠 𝑜𝑓 𝑆𝑜𝑓𝑡𝑛𝑒𝑠𝑠 ( 𝑜𝑛𝑒𝑠ℎ𝑜𝑡 𝑐𝑜𝑙𝑙𝑒𝑐𝑡𝑖𝑜𝑛 )
RomanceBorn to believe in LiNi's connection.