အစ်မ ။

1K 97 11
                                    

1998 ၊ ဟွမ်းဆန်းနယ် ၊ အမှတ် 04 တိုက်တန်းယား မျက်နှာချင်းဆိုင်ရှိ Kim Garden  ။

" စာဗျို့စာ "

ဆိုင်ရှေ့က mail box ထဲကို ခပ်ညစ်ညစ် စာအိတ်အပါးတစ်ခုကိုပစ်ထည့်ရင်း အော်ကာထွက်သွားတဲ့ စာပို့သမားကြောင့် ကောင်တာမှထရင်း တံခါးလက်ရန်းတို့ကိုကိုင်ကာ ဆွဲဖွင့်လိုက်သည် ။

" ချလွင် ချလွင် "

တံခါးမျက်နှာဝမှာချိတ်ထားတဲ့ လူဝင်ခေါင်းလောင်းလေးဟာ နှစ်ပေါင်းဆယ်စုနှစ်တစ်ခုလောက်ကြာတာတောင် သူ့အလုပ်သူ တာဝန်ကျေပွန်စွာထမ်းဆောင်နေသည် ။

စာတိုက်ပုံးကိုဖွင့်ရင်း အထဲကစာကိုကောက်ယူလိုက်တော့ ဆွစ်ဇာလန်နိုင်ငံမှ စာတိုက်တံဆိပ်ခေါင်းသင်္ကေတအရာမျိုးတွေ့ရသည် ။

ရင်တွေတလှပ်လှပ်ဖြင့်သာ ထိုစာကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း ကောင်တာသို့ အားတင်းပြန်လာခဲ့သည် ။

" အစ်မ ၊ နေကောင်းလို့ကျန်းမာပါရဲ့လားဟင် "

စာအိတ်ခပ်ညစ်ညစ်ကိုအသာဖောက်ဖြဲကာဖတ်တော့ စာရွက်ဖြူဖြူပေါ် လက်ရေးခပ်စောင်းစောင်စလေးတွေအစီအရီကိုတွေ့ရသည် ၊ ဒီကလေးလက်ရေးဟာ ကိုရီးယားသူမဟုတ်သည့်တိုင်အောင် အတော်လေးကြည့်ကောင်းသည် ။

" ကျွန်မကတော့လေ အစ်မ မရှိရာအရပ်မှာ အဆင်မပြေလဲပြေအောင်သာကြိုးစားပြီးနေရပါတယ်အစ်မရယ် ။

အစ်မရော ကျွန်မကိုလွမ်းနေရဲ့လား ၊ ကျွန်မတော့လေ အစ်မကိုတစ်ရက်မှမေ့မရခဲ့ပါဘူး ၊ အစ်မရဲ့အမျိုးသားနဲ့ရော အဆင်ပြေရဲ့လား "

ထိုစာကြောင်းကိုဖတ်အပြီး ကင်မ်ဥယျာဉ်ထဲကို မျက်စိတစ်ချက်ဝှေ့ကစားပြီး ခပ်ကျယ်ကျယ်လေးအော်ရယ်ပစ်လိုက်သည် ။

" အစ်မ ညီမတို့တွေ့ဆုံခဲ့ခြင်းကို အစ်မနောင်တရလားဟင် ၊ကျွန်မကတော့လေ အစ်မနဲ့တွေ့ဆုံရတာဟာ ခဏလေးဆိုတဲ့အချိန်စက္ကန့်ပိုင်းလေးတစ်ခုဖြစ်ခဲ့မယ်ဆိုရင်တောင် ကျွန်မကျေနပ်မိမယ်ထင်ပါတယ်အစ်မရယ် ။

အဲ့တာထက် အစ်မကိုကျွန်မပြောပြရဦးမယ် ပြောစရာတွေများလွန်းလို့ ဘယ်ကစပြောရမလဲတောင်မသိတော့ပါဘူး ၊ အစ်မသဘောကျတဲ့ဒေစီတွေလေ ကျွန်မခြံထဲဖွေးနေအောင်စိုက်ထားတယ်အစ်မ ၊ အော် ခြံဆိုလို့ ကျွန်မ မေမေတို့နဲ့မဟုတ်ပဲ သီးသန့်ကိုယ်ပိုင်အိမ်လေးတစ်လုံးဝယ်နေဖြစ်တယ်အစ်မ "

𝑃𝑖𝑒𝑐𝑒𝑠 𝑜𝑓 𝑆𝑜𝑓𝑡𝑛𝑒𝑠𝑠 ( 𝑜𝑛𝑒𝑠ℎ𝑜𝑡 𝑐𝑜𝑙𝑙𝑒𝑐𝑡𝑖𝑜𝑛 ) Where stories live. Discover now