𝐬𝐭𝐚𝐫𝐭

242 39 12
                                    

စမှတ်တွေရှိ‌တဲ့နေရာမှာ ဆုံးမှတ်လည်းရှိတတ်တယ် ။ မင်းကငါပြောခဲ့ဖူးသလို ဖမ်းဆုပ်ဖို့ရန်ခက်ခဲတဲ့ ကြယ်လိုလေလို လူစားကလေးပဲ ။

_____

ဂျွန်ဂယူဟာ သူတို့အိမ်နဲ့မိနစ်နှစ်ဆယ်လောက်အကွာအဝေးကဈေးမှာရှိလို့နေတယ် ။ သူ့အမဖြစ်သူဟာအရှေ့ကနေ ဟင်းသီးဟင်းရွက်တစ်ချို့ကိုရွေးယူရင်းနဲ့ စိတ်တိုင်းကျတာတွေ့ရင်ဂျွန်ဂယူကိုင်ဆွဲထားရတဲ့ ခြစ်ရာတွေထင်းနေတဲ့ခပ်နွမ်းနွမ်းအစိမ်းပုတ်ရောင်ခြင်းတောင်းထဲကို ထည့်လို့လာတယ် ။

အမိုးလုံတဲ့ဈေးဖြစ်တာကြောင့် အသားညှီနံ့ ၊ ငါးညှီနံ့တို့ကအပြင်ကိုရုန်းမထွက်နိုင်တဲ့အခါ ဒီအနားမှာတင်‌ တဝေ့လည်လည်နဲ့ ။  ဈေးခြင်းတောင်းထဲမှာ ပစ္စည်းတွေကတစ်စထပ်တစ်စပိုတိုးလို့လာတဲ့အခါ သူကလက်နှစ်ဖက်လုံးကိုအားယူပြီးတော့ ကိုင်ဆွဲထားရတော့တယ် ။ သူ့လက်ဆစ်တွေကနီရဲလို့နေပြီး သွေးမလျှောက်တော့တဲ့တိုင်အောင် သူကငြီးငြူတာမျိုးမရှိဘူး ။

နူးနူးညံ့ညံ့ကလေးနဲ့ပိန်ပါးပါးခန္ဓာကိုယ်ရှိတဲ့သူ့အမကသာ ဂျွန်ဂယူဒီလိုဖြစ်နေတာကိုသိသွားရင် သူ့လက်ထဲကနေခြင်းတောင်းကိုလုသွားလိမ့်မယ် ။ သူတစ်ပါးကိုပါဒုက္ခခံခိုင်းပြီး နှစ်ယောက်အားကုန်ရတာထပ် သူတစ်ယောက်တည်းပဲဒုက္ခခံလိုက်တာက ပိုအဆင်ပြေပါလိမ့်မယ် ။

" ဂင်မ်ချီကျီဂဲစားမလား .. တို့ဟူးနဲ့ "

ဂျွန်ဂယူကခေါင်းကိုပဲမနားမနေငြိမ့်ပြလိုက်တယ် ။ ထုံကျဉ်နေတဲ့လက်မောင်းကသူ့ကိုစိတ်မရှည်ဖြစ်လာစေတယ် ။ သူ့အမဟာရှေ့ကဦးဆောင်သွားနေရင်းကနေတို့ဟူးဆိုင်ရှေ့မှာ ရပ်လိုက်တယ် ။ သုံးပေအကျယ်လောက်ရှိတဲ့စားပွဲခပ်ကြီးကြီးပေါ်မှာ တစ်ပေပတ်လည်တို့ဟူးဗန်းသုံးဗန်းကိုချလို့ထားတယ် ။ ဗန်းထဲမှာအဖြူရောင်အဝတ်ကြီးကြီးကခင်းထားပြီးတော့ အဲ့အပေါ်မှာတော့ဓားနဲ့လှီးထားတဲ့တို့ဟူးတွေကိုတင်လို့ထားတယ် ။

တို့ဟူးဆိုင်နဲ့မျက်နှာချင်းဆိုင်မှာ ပေါက်ပေါက်ဆုပ်ဖောက်တဲ့စက်နဲ့ဦးလေးကြီးတစ်ယောက်ရှိတယ် ။ အခြောက်လှမ်းထားတဲ့ပြောင်းဖူးစေ့တွေနဲ့ရောနယ်လေ့ရှိတဲ့ ထောပတ်ဆီနံ့ကသင်းသင်းကလေးနဲ့ သူ့အနီးဝန်းကျင်ကိုဖြန့်ကျက်ထားတယ် ။

𝐛𝐮𝐫𝐧𝐢𝐧𝐠 𝐝𝐞𝐬𝐢𝐫𝐞【 𝗵𝗮𝗿𝘂𝗸𝘆𝘂 】  Where stories live. Discover now